အိႏၵိယ သေဘၤာက်င္းမွာ ေပါက္ကြဲမႈျဖစ္ ၅ ဦးေသဆံုး

0
897

အိႏၵိယႏုိင္ငံ၊ ကာရာလာ ျပည္နယ္ ေတာင္ပိုင္းရွိ သေဘၤာက်င္းမွာ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က ေပါက္ကြဲမႈျဖစ္ခဲ့လို႔  လူ ၅ ဦး ေသဆံုးသြားခဲ့တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။   

သေဘၤာကို ျပန္ျပဳျပင္ဖို႔ ကိုခ်င္ ဆိပ္ကမ္းမွာ ေဒါက္တင္ထားတဲ့ သေဘၤာေပၚမွာ ေဖေဖာ္ဝါရီ ၁၃ ရက္ နံနက္ပိုင္းမွာ ေပါက္ကြဲမႈျဖစ္ခဲ့တာပါ။ သေဘၤာေပၚရွိ က်န္လူေတြကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး အေျခအေနကို ထိန္းခ်ဳပ္ထားႏိုင္ေပမယ့္  ပ်က္စီးဆံုး႐ံႈးမႈကို မသိရေသးပါဘူး။

အဲဒီ သေဘၤာက်င္းဟာ ႏိုင္ငံအတြင္းရွိ ႀကီးမားတဲ့ သေဘၤာႀကီးေတြကို ျပန္ျပဳျပင္ဖုိ႔ ေဒါက္တင္ထားတဲ့ ေနရာျဖစ္ပါတယ္။ ကယ္ဆယ္ထားတဲ့လူ ၃ ဦးကို မီးေလာင္မႈေတြ အတြက္ ကုသေပးေနၿပီး ေသဆံုးခဲ့သူေတြဟာ မီးခုိးမြန္းၾကပ္မႈေၾကာင့္ ျဖစ္ပါတယ္။ အဲဒီ သေဘၤာဟာ ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ ထုတ္လုပ္ေနတဲ့ အိႏၵိယ ONGC ပိုင္ သေဘၤာတစ္စင္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယ သင်္ဘောကျင်းမှာ ပေါက်ကွဲမှုဖြစ် ၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၊ ကာရာလာ ပြည်နယ် တောင်ပိုင်းရှိ သင်္ဘောကျင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၅ ဦး သေဆုံးသွားခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

သင်္ဘောကို ပြန်ပြုပြင်ဖို့ ကိုချင် ဆိပ်ကမ်းမှာ ဒေါက်တင်ထားတဲ့ သင်္ဘောပေါ်မှာ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ သင်္ဘောပေါ်ရှိ ကျန်လူတွေကို ကယ်ဆယ်နိုင်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ပေမယ့် ပျက်စီးဆုံးရှုံးမှုကို မသိရသေးပါဘူး။

အဲဒီ သင်္ဘောကျင်းဟာ နိုင်ငံအတွင်းရှိ ကြီးမားတဲ့ သင်္ဘောကြီးတွေကို ပြန်ပြုပြင်ဖို့ ဒေါက်တင်ထားတဲ့ နေရာဖြစ်ပါတယ်။ ကယ်ဆယ်ထားတဲ့လူ ၃ ဦးကို မီးလောင်မှုတွေ အတွက် ကုသပေးနေပြီး သေဆုံးခဲ့သူတွေဟာ မီးခိုးမွန်းကြပ်မှုကြောင့် ဖြစ်ပါတယ်။ အဲဒီ သင်္ဘောဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲ့ အိန္ဒိယ ONGC ပိုင် သင်္ဘောတစ်စင်း ဖြစ်ပါတယ်။

?bph6