ေရႊေျမြေဟာက္ စစ္ေရးေလက်င့္မႈဖြင့္ပြဲ  ျမန္မာ တက္ေရာက္မႈအတြက္ ထိုင္းနဲ႔ အေမရိကန္ ေဝဖန္ခံရ

0
927

ထိုင္းႏိုင္ငံမွာ ဒီေန႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔မွာ က်င္းပတဲ့ အေရွ႕ေတာင္အာရွရဲ႕ ႏွစ္စဥ္ အႀကီးမားဆံုး ေရႊေျမြေဟာက္ (Cobra Gold) စစ္ေရးေလက်င့္မႈ ဖြင့္ပြဲအခမ္းနားမွာ ျမန္မာႏုိင္ငံပါဝင္မႈေၾကာင့္ ထုိင္းနဲ႔ အေမရိကန္တုိ႔ ေဝဖန္ခံရမႈေတြ ရွိေနပါတယ္။

ျမန္မာ တပ္မေတာ္ဟာ ဘဂၤါလီမြတ္စလင္ေတြကို အိမ္နီးခ်င္း ဘဂၤလားေဒရွ္႕ႏုိင္ငံဆီ ထြက္ေျပးေအာင္ ၿဖိဳခြင္းမႈနဲ႔ ပတ္သက္လို႔ လူအခြင့္ေရးခ်ိဳးေဖာက္တာေတြ ရွိခဲ့တယ္လုိ႔ စြပ္စြဲခံထားရပါတယ္။

ထုိင္းႏုိင္ငံဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး ဂလင္း ဒါဗီစ္က ထုိင္းႏုိင္ငံအေရွ႕ဘက္ပိုင္းမွာ က်င္းပမယ့္ ေရႊေျမြေဟာက္ စစ္ေရးေလက်င့္မႈမွာ ျမန္မာႏုိင္ငံပါဝင္မႈ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။

ထုိင္း ဗိုလ္ခ်ဳပ္ႀကီး သန္ခ်ိဳင္ယန္ ဆရီဆူဝမ္ ကေတာ့ စစ္ေရးေလက်င့္မႈ ဖြင့္ပြဲအခမ္းနားအတြက္ ျမန္မာႏုိင္ငံကို ေလ့လာသူအျဖစ္ ဖိတ္ၾကားခဲ့တယ္လို႔ ေျပာဆုိထားပါတယ္။  

အေမရိကန္ လႊတ္ေတာ္အမတ္ေတြက ထုိင္း ေရႊေျမြေဟာက္ စစ္ေရးေလက်င့္မႈမွာ ျမန္မာႏုိင္ငံကို မဖိတ္ၾကားဖို႔ ၿပီးခဲတဲ့ သီတင္းပတ္မွာ ေတာင္းဆုိခဲ့ပါတယ္။  ထိုင္းႏိုင္ငံမွာ က်င္းပမယ့္ စစ္ေရးေလက်င့္မႈမွာ ႏုိင္ငံေပါင္း ၂၉ ႏိုင္ငံက တပ္ဖြဲ႔ဝင္ ၁၁၀၇၅  ဦး ပါဝင္ ေလက်င့္သြားမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွှေမြွေဟောက် စစ်ရေးလေကျင့်မှုဖွင့်ပွဲ မြန်မာ တက်ရောက်မှုအတွက် ထိုင်းနဲ့ အမေရိကန် ဝေဖန်ခံရ

ထိုင်းနိုင်ငံမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျင်းပတဲ့ အရှေ့တောင်အာရှရဲ့ နှစ်စဉ် အကြီးမားဆုံး ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေကျင့်မှု ဖွင့်ပွဲအခမ်းနားမှာ မြန်မာနိုင်ငံပါဝင်မှုကြောင့် ထိုင်းနဲ့ အမေရိကန်တို့ ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။

မြန်မာ တပ်မတော်ဟာ ဘင်္ဂါလီမွတ်စလင်တွေကို အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံဆီ ထွက်ပြေးအောင် ဖြိုခွင်းမှုနဲ့ ပတ်သက်လို့ လူအခွင့်ရေးချိုးဖောက်တာတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂလင်း ဒါဗီစ်က ထိုင်းနိုင်ငံအရှေ့ဘက်ပိုင်းမှာ ကျင်းပမယ့် ရွှေမြွေဟောက် စစ်ရေးလေကျင့်မှုမှာ မြန်မာနိုင်ငံပါဝင်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။ ထိုင်း ဗိုလ်ချုပ်ကြီး သန်ချိုင်ယန် ဆရီဆူဝမ် ကတော့ စစ်ရေးလေကျင့်မှု ဖွင့်ပွဲအခမ်းနားအတွက် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန် လွှတ်တော်အမတ်တွေက ထိုင်း ရွှေမြွေဟောက် စစ်ရေးလေကျင့်မှုမှာ မြန်မာနိုင်ငံကို မဖိတ်ကြားဖို့ ပြီးခဲတဲ့ သီတင်းပတ်မှာ တောင်းဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် စစ်ရေးလေကျင့်မှုမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံက တပ်ဖွဲ့ဝင် ၁၁၀၇၅ ဦး ပါဝင် လေကျင့်သွားမှာဖြစ်ပါတယ်။

?bph6