ပါကစၥတန္မွာ ဗယ္လင္တိုင္းေဒး က်င္းပတာ ပိတ္ပင္

0
379

ခ်စ္သူမ်ားေန႔လို႔ ေခၚၾကတဲ့ ဗယ္လင္တိုင္းေဒးဟာ အစၥလာမ္ဘာသာနဲ႔ မကိုက္ညီဘူးဆိုၿပီး ပါကစၥတန္ တရား႐ံုး တခုက ပိတ္ပင္လိုက္ၿပီး အခုလို ပိတ္ပင္တာ ၂ ႏွစ္ေျမာက္ ရွိၿပီ ျဖစ္ပါတယ္။

အခု ဆံုးျဖတ္ခ်က္ေၾကာင့္ ဗယ္လင္တိုင္းေဒး အထိမ္းအမွတ္ပြဲေတြ၊ ဗယ္လင္တိုင္းေဒး အေၾကာင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပတာေတြကို ပါကစၥတန္အာဏာပိုင္ေတြက ပိတ္ပင္လိုက္ပါတယ္။ ဒီေန႔နဲ႔ ပတ္သက္ၿပီး ေၾကာ္ျငာတာ၊ ဒါမွမဟုတ္ ကုန္ပစၥည္းေရာင္းခ်တာေတြ မလုပ္ရဘူးလို႔ တရား႐ံုးက ဆံုးျဖတ္ ကန္႔သတ္လိုက္ပါတယ္။

တရား႐ံုးရဲ႕ ဆံုးျဖတ္ခ်က္နဲ႔အညီ လိုက္နာလုပ္ေဆာင္ၾကဖို႔ ပါကစၥတန္ အီလက္ထေရာနစ္ မီဒီယာ စည္းကမ္းထိန္းသိမ္းေရး အာဏာပိုင္အဖြဲ႔ (PEMRA) က လိုင္စင္ခ်ထားေပးတဲ့ ႐ုပ္သံနဲ႔ ေရဒီယိုဌာနေတြကို ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ၫႊန္ၾကားခ်က္ေတြ ေပးပို႔ခဲ့ပါတယ္။

ဗယ္လင္တိုင္းေဒးဟာ လူ႔အဖြဲ႔အစည္းမွာ ကိုယ္က်င့္သိကၡာမဲ့မႈ၊ ေဖာ္ခၽြတ္မႈနဲ႔ မဖြယ္မရာလုပ္မႈေတြ ပ်ံ႔ႏွံ႔ေစတယ္လုိ႔ ၂၀၁၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔မွာ အစၥလာမာဘတ္ တရား႐ံုးခ်ဳပ္က ဆံုးျဖတ္ခဲ့ပါတယ္။

ဒီဆံုးျဖတ္ခ်က္ကို လက္မခံသူေတြက လူ႔အဖြဲ႔အစည္းနဲ႔ ႏုိင္ငံအတြက္ တကယ့္ကို အေရးပါတဲ့ ကိစၥေတြအေပၚ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရမယ့္အစား အေရးမပါတဲ့ ကိစၥရပ္ေတြကို အာ႐ံုစိုက္ေနတယ္လုိ႔ ေဝဖန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန်မှာ ဗယ်လင်တိုင်းဒေး ကျင်းပတာ ပိတ်ပင်

ချစ်သူများနေ့လို့ ခေါ်ကြတဲ့ ဗယ်လင်တိုင်းဒေးဟာ အစ္စလာမ်ဘာသာနဲ့ မကိုက်ညီဘူးဆိုပြီး ပါကစ္စတန် တရားရုံး တခုက ပိတ်ပင်လိုက်ပြီး အခုလို ပိတ်ပင်တာ ၂ နှစ်မြောက် ရှိပြီ ဖြစ်ပါတယ်။

အခု ဆုံးဖြတ်ချက်ကြောင့် ဗယ်လင်တိုင်းဒေး အထိမ်းအမှတ်ပွဲတွေ၊ ဗယ်လင်တိုင်းဒေး အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေကို ပါကစ္စတန်အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ ဒီနေ့နဲ့ ပတ်သက်ပြီး ကြော်ငြာတာ၊ ဒါမှမဟုတ် ကုန်ပစ္စည်းရောင်းချတာတွေ မလုပ်ရဘူးလို့ တရားရုံးက ဆုံးဖြတ် ကန့်သတ်လိုက်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့အညီ လိုက်နာလုပ်ဆောင်ကြဖို့ ပါကစ္စတန် အီလက်ထရောနစ် မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ (PEMRA) က လိုင်စင်ချထားပေးတဲ့ ရုပ်သံနဲ့ ရေဒီယိုဌာနတွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ညွှန်ကြားချက်တွေ ပေးပို့ခဲ့ပါတယ်။

ဗယ်လင်တိုင်းဒေးဟာ လူ့အဖွဲ့အစည်းမှာ ကိုယ်ကျင့်သိက္ခာမဲ့မှု၊ ဖော်ချွတ်မှုနဲ့ မဖွယ်မရာလုပ်မှုတွေ ပျံ့နှံ့စေတယ်လို့ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အစ္စလာမာဘတ် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို လက်မခံသူတွေက လူ့အဖွဲ့အစည်းနဲ့ နိုင်ငံအတွက် တကယ့်ကို အရေးပါတဲ့ ကိစ္စတွေအပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်အစား အရေးမပါတဲ့ ကိစ္စရပ်တွေကို အာရုံစိုက်နေတယ်လို့ ဝေဖန်ထားပါတယ်။

?bph6