အိုလံပစ္ဖြင့္ပြဲကို တိုက္ခိုက္တဲ့ ဗိုင္းရပ္စ္ ရွိတယ္လို႔ ကြ်မ္းက်င္သူေတြ ေျပာ

0
371

ေတာင္ကိုရီးယား ၿပံဳခ်မ္း ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ ဖြင့္ပြဲကို ပစ္မွတ္ထားပံုရတဲ့ “အိုလံပစ္ အဖ်က္သမား” အမည္ရွိ ဗိုင္းရပ္စ္တစ္မ်ိဳးကို ရွာေဖြေတြ႔ရွိခဲ့တယ္လို႔ အေမရိကန္ ဆိုင္ဘာ လံုၿခံဳေရး ကုမၸဏီေတြက ေျပာပါတယ္။

အဲဒီ ဗိုင္းရပ္စ္ဟာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ အင္တာနက္နဲ႔ ႐ုပ္သံထုတ္လႊင့္မႈေတြကို တိုက္ခိုက္လာေပမယ့္ အေရးတႀကီး ကာကြယ္ရတဲ့အဆင့္ကို မေရာက္ဖူးလို႔ အိုလံပစ္ပြဲ စီစဥ္သူေတြက ေျပာပါတယ္။ ဗိုင္းရပ္စ္နဲ႔ တိုက္ခိုက္သူေတြဟာ ဘယ္သူေတြလို႔ စီစဥ္သူေတြက မေျပာေပမယ့္ အဲဒီ တိုက္ခိုက္မႈကို ေျဖရွင္းႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

ဆိုင္ဘာ လံုၿခံဳေရး ကုမၸဏီေတြျဖစ္တဲ့ စစၥကို၊ ခေရာက္ဒ္ စထရြိဳက္၊ ဖိုင္းယားအိုင့္စ္တို႔က သုေတသီေတြက တိုက္ခိုက္လာတဲ့ ကြန္ပ်ဴတာကုဒ္ကို စစ္ေဆးေနတယ္လို႔ ေျပာပါတယ္။ “အိုလံပစ္ အဖ်က္သမား” ဗိုင္းရပ္စ္ဟာ ကြန္ပ်ဴတာကို အင္တာနက္လိုင္း ျပတ္ေတာက္ေအာင္လုပ္ၿပီး အေရးႀကီးတဲ့ စစၥတမ္ဖိုင္ေတြကို ဖ်က္ပစ္ဖို႔ ႀကိဳးစားတဲ့ ဗိုင္းရပ္စ္ျဖစ္တယ္လို႔ သုေတသီေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အိုလံပစ်ဖွင့်ပွဲကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ် ရှိတယ်လို့ ကျွမ်းကျင်သူတွေ ပြော

တောင်ကိုရီးယား ပြုံချမ်း ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲကို ပစ်မှတ်ထားပုံရတဲ့ “အိုလံပစ် အဖျက်သမား” အမည်ရှိ ဗိုင်းရပ်စ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အမေရိကန် ဆိုင်ဘာ လုံခြုံရေး ကုမ္ပဏီတွေက ပြောပါတယ်။

အဲဒီ ဗိုင်းရပ်စ်ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အင်တာနက်နဲ့ ရုပ်သံထုတ်လွှင့်မှုတွေကို တိုက်ခိုက်လာပေမယ့် အရေးတကြီး ကာကွယ်ရတဲ့အဆင့်ကို မရောက်ဖူးလို့ အိုလံပစ်ပွဲ စီစဉ်သူတွေက ပြောပါတယ်။ ဗိုင်းရပ်စ်နဲ့ တိုက်ခိုက်သူတွေဟာ ဘယ်သူတွေလို့ စီစဉ်သူတွေက မပြောပေမယ့် အဲဒီ တိုက်ခိုက်မှုကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဆိုင်ဘာ လုံခြုံရေး ကုမ္ပဏီတွေဖြစ်တဲ့ စစ္စကို၊ ခရောက်ဒ် စထရွိုက်၊ ဖိုင်းယားအိုင့်စ်တို့က သုတေသီတွေက တိုက်ခိုက်လာတဲ့ ကွန်ပျူတာကုဒ်ကို စစ်ဆေးနေတယ်လို့ ပြောပါတယ်။ “အိုလံပစ် အဖျက်သမား” ဗိုင်းရပ်စ်ဟာ ကွန်ပျူတာကို အင်တာနက်လိုင်း ပြတ်တောက်အောင်လုပ်ပြီး အရေးကြီးတဲ့ စစ္စတမ်ဖိုင်တွေကို ဖျက်ပစ်ဖို့ ကြိုးစားတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

?bph6