
0
381




>>>>>>>>>>>>>>>>>>>>>>>>>>>

အာရှမှာ ဟောင်ကောင် တက္ကသိုလ်တွေ ထိပ်တန်းက ရပ်တည်

အာရှမှာ ပညာသင်မယ်ဆိုရင် ဟောင်ကောင်က အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ တိုင်းမ် အဆင့်မြင့်ပညာရေး အာရှ တက္ကသိုလ် အဆင့်သတ်မှတ်ချက် ၂၀၁၈ မှာ ဟောင်ကောင်ရှိ တက္ကသိုလ် ၃ ခုဟာ ထပ်တန်း တက္ကသိုလ် ၁၀ ခုထဲမှာ ပါဝင်ပါတယ်။

စင်ကာပူ တက္ကသိုလ်တွေလည်း ထိပ်တန်းစာရင်း ဝင်ပေမယ့် အများစုက ဟောင်ကောင်က တက္ကသိုလ်တွေ ဖြစ်ပါတယ်။

ထိပ်တန်း တက္ကသိုလ် ၁၀ ခုကို အစဉ်လိုက် ဖော်ပြရရင် စင်ကာပူ အမျိုးသား တက္ကသိုလ်၊ ဆင်ဟွာ တက္ကသိုလ် (တရုတ်)၊ ပီကင်း တက္ကသိုလ် (တရုတ်)၊ ဟောင်ကောင် တက္ကသိုလ်၊ ဟောင်ကောင် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၊ နန့်ယန့် နည်းပညာ တက္ကသိုလ် (စင်ကာပူ)၊ ဟောင်ကောင် တရုတ် တက္ကသိုလ်၊ တိုကျို တက္ကသိုလ်၊ ဆိုးလ် အမျိုးသား တက္ကသိုလ် (တောင်ကိုရီးယား)၊ ကိုရီးယား အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ အင်စတီကျု တို့ ဖြစ်ကြပါတယ်။

?bph6