
0
1699





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ယူအသင်း ပရီးမီယားလိဂ် ချန်ပီယံ ဆု ဆုံးရှုံးသွားလို့ နည်းပြမော်ရင်ဟို ဝန်ခံ

မန်ယူ နည်းပြမော်ရင်ဟိုက အသင်းအနေနဲ့ ပရီးမီယားလိဂ်ချန်ပီယံဆု ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ရှံးနိမ့်သွားတယ်လို့ဝန်ခံပြောလိုက်ပါတယ်။

မန်စီးတီအသင်းက ပရီးမီယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ရန် အခွင့်ရေးများသွားပြီး မန်ချက်စတာ ယူနိုက်တက် မှာ ပရီးမီယားလိဂ် ပြိုင်ပွဲတွင် ဒုတိယနေရာရယူနိုင်ရေးသာ အာရုံစိုက်ကစားသွားရမယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ပရီးမီယားလိဂ် ပြိုင်ပွဲမှာ စပါးကို ရှုံးနိမ်ခဲ့တဲ့အတွက် မန်စီးတီးအသင်း နဲ့ ၁၅မှတ် ကွာပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

မော်ရင်ဟိုက “ လက်ရှိအခြေနေ အရ ကျွန်တော်တို့ ဟာ ဒုတိယနေရာ ရယူနိုင်ရေးကို သာကြိုးစားရတော့မယ်၊ ကျွန်တော် ဟာအစပိုင်းမှာ ပထမ နေရာကိုရယူနိုင်ခဲပေမယ့် နောက်ပိုင်းမှာ ဒုတိယနေရာကိုရောက်ရှိခဲ့တယ်၊ ကျွန်တော်တို့ ဟာအမှတ်ပေးဇယား ထိပ်ဆုံးနဲ့အ နီးကပ်ဆုံးရှိတဲ့ နေရာကိုရယူနိုင်အောင် ကြိုးပမ်းသွားရမယ်၊ “ လို့ပြောပါတယ်။