လိင္ဆက္ဆံတဲ့ အျပဳအမႈနဲ႔ ကခဲ့တဲ့ ကမာၻလွည့္ခရီးသြားေတြ ကေမာၻဒီးယားမွာ အဖမ္းခံရ

0
3006

လိင္ဆက္ဆံတဲ့ အျပဳအမႈေတြလုပ္ကာ ကၿပီး ဓာတ္ပံု႐ိုက္ခဲ့ၾကတဲ့ အရက္မူးေနသူ ကမာၻလွည့္ခရီးသြား ၁၀ ဦးကို ကေမာၻဒီယားရဲက ဖမ္းဆီးေထာင္ခ်လိုက္ပါတယ္။

မေန႔က ဇန္နဝါရီ ၂၈ ရက္မွာ ဆီရမ္ရိ (ပ္)၊ အန္ေကာဝပ္ ဘုရားေက်ာင္းအနီး ပါတီပြဲမွာ လိင္ဆက္ဆံတဲ့ အျပဳအမႈနဲ႔ ဓာတ္ပံုေတြ ႐ိုက္ၿပီး အြန္လိုင္းတင္တဲ့အတြက္ အေနာက္တိုင္းသား ၁၀ ဦးကို ရဲက ဖမ္းဆီးလိုက္တာ ျဖစ္ပါတယ္။ လိင္ဆက္ဆံတဲ့ ပံုစံ အမ်ိဳးမ်ိဳးနဲ႔ မူးယစ္ေပ်ာ္ပါးေနတဲ့ ဓာတ္ပံုေတြကို ကေမာၻဒီးယား ရဲက ထုတ္ေဖာ္ ျပသခဲ့ပါတယ္။

တည္းခိုေဆာင္ကို ရဲေတြက ဝင္ေရာက္ စီးနင္းခဲ့ရာမွာ နိုင္ငံျခားသား အေယာက္ ၉၀ ကို ဖမ္းဆီးခဲ့ၿပီး ၿဗိတိသွ် ငါးဦး၊ ကေနဒီယန္ ႏွစ္ဦး၊ ေနာ္ေဝလူမ်ိဳး တစ္ဦး၊ နယူးဇီလန္သား တစ္ဦးနဲ႔ နယ္သာလန္က တစ္ဦးတို႔ကို ဖမ္းဆီးၿပီး က်န္လူေတြကို ျပန္လႊတ္ေပးလိုက္ပါတယ္။

သူတို႔ရဲ႕ အျပဳအမႈေတြက ကြ်န္ေတာ္တို႔ ယဥ္ေက်းမႈနဲ႔ ဆန္႔က်င္ေနပါတယ္လို႔ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအႀကီးအကဲက ေျပာပါတယ္။ သူတို႔ဟာ အျပစ္ရွိေၾကာင္း ဝန္ခံရင္ အနည္းဆံုး ေထာင္ တစ္ႏွစ္က်မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်ဆက်ဆံတဲ့ အပြုအမှုနဲ့ ကခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ ကမ္ဘောဒီးယားမှာ အဖမ်းခံရ

လိင်ဆက်ဆံတဲ့ အပြုအမှုတွေလုပ်ကာ ကပြီး ဓာတ်ပုံရိုက်ခဲ့ကြတဲ့ အရက်မူးနေသူ ကမ္ဘာလှည့်ခရီးသွား ၁၀ ဦးကို ကမ္ဘောဒီယားရဲက ဖမ်းဆီးထောင်ချလိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၂၈ ရက်မှာ ဆီရမ်ရိ (ပ်)၊ အန်ကောဝပ် ဘုရားကျောင်းအနီး ပါတီပွဲမှာ လိင်ဆက်ဆံတဲ့ အပြုအမှုနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး အွန်လိုင်းတင်တဲ့အတွက် အနောက်တိုင်းသား ၁၀ ဦးကို ရဲက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ လိင်ဆက်ဆံတဲ့ ပုံစံ အမျိုးမျိုးနဲ့ မူးယစ်ပျော်ပါးနေတဲ့ ဓာတ်ပုံတွေကို ကမ္ဘောဒီးယား ရဲက ထုတ်ဖော် ပြသခဲ့ပါတယ်။

တည်းခိုဆောင်ကို ရဲတွေက ဝင်ရောက် စီးနင်းခဲ့ရာမှာ နိုင်ငံခြားသား အယောက် ၉၀ ကို ဖမ်းဆီးခဲ့ပြီး ဗြိတိသျှ ငါးဦး၊ ကနေဒီယန် နှစ်ဦး၊ နော်ဝေလူမျိုး တစ်ဦး၊ နယူးဇီလန်သား တစ်ဦးနဲ့ နယ်သာလန်က တစ်ဦးတို့ကို ဖမ်းဆီးပြီး ကျန်လူတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။

သူတို့ရဲ့ အပြုအမှုတွေက ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေပါတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးအကြီးအကဲက ပြောပါတယ်။ သူတို့ဟာ အပြစ်ရှိကြောင်း ဝန်ခံရင် အနည်းဆုံး ထောင် တစ်နှစ်ကျမှာ ဖြစ်ပါတယ်။

?bph6