တ႐ုတ္ႏိုင္ငံက ႏွစ္ေပါင္း ၄ ေထာင္ သက္တမ္းရွိတဲ့ ေက်းရြာ

0
954

တ႐ုတ္ႏိုင္ငံမွာ ႏွစ္ေပါင္း ၄ ေထာင္ သက္တမ္းရွိၿပီး လူ ၃ ေထာင္ ေနထိုင္ဆဲျဖစ္တဲ့ ေရွးေဟာင္း ေျမေအာက္ရြာကို ဒ႐ုန္းနဲ႔ ဓာတ္ပံုေတြ ႐ိုက္ယူႏိုင္ခဲ့ပါတယ္။

 

တ႐ုတ္ႏိုင္ငံ၊ ေဟနန္ခ႐ိုင္မွာ ရွိတဲ့ အဲဒီရြာဟာ ေျမေအာက္မွာ တည္ေဆာက္ထားတာ ျဖစ္ၿပီး ဥမင္လမ္းေၾကာင္းေတြနဲ႔ ဆက္သြယ္ထားကာ အိမ္ေပါင္း ၁ ေသာင္းနီးပါး ရွိပါတယ္။ လက္ရွိမွာ လူ ၃ ေထာင္ ေနထိုင္ေနဆဲျဖစ္ၿပီး တျခားသူေတြကေတာ့ ေခတ္ေပၚအိမ္ေတြကို ေျပာင္းေရႊ႕သြားခဲ့ၾကပါၿပီ။

ေယာင္ဒန္လို႔ ေခၚၾကတဲ့ အဲဒီ ေျမေအာက္ရြာက လူေတြကို ဒီေန႔အထိ ေတြ႔ျမင္ႏိုင္ပါတယ္။ ေလးေထာင့္ပံု အိမ္ဝဟာ ေျမႀကီးထဲကို ဝင္သြားၿပီး အိမ္ထဲမွာ အပူခ်ိန္ဟာ ေဆာင္းမွာ ၁၀ ဒီဂရီ ဆဲလ္ဆီးယပ္နဲ႔ ေႏြမွာ ၂၀ ဒီဂရီ ဆဲလ္ဆီးယပ္ ရွိပါတယ္။ အဲဒီ ေျမေအာက္ရြာကို တ႐ုတ္အစိုးရက ၂၀၁၁ ခုႏွစ္မွာ ‘တ႐ုတ္ႏိုင္ငံရဲ႕ အထူးဆန္းဆံုးရြာ’ အျဖစ္ ေရွးေဟာင္းအေမြအႏွစ္ စာရင္းကို သြင္းခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်နိုင်ငံက နှစ်ပေါင်း ၄ ထောင် သက်တမ်းရှိတဲ့ ကျေးရွာ

တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၄ ထောင် သက်တမ်းရှိပြီး လူ ၃ ထောင် နေထိုင်ဆဲဖြစ်တဲ့ ရှေးဟောင်း မြေအောက်ရွာကို ဒရုန်းနဲ့ ဓာတ်ပုံတွေ ရိုက်ယူနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဟေနန်ခရိုင်မှာ ရှိတဲ့ အဲဒီရွာဟာ မြေအောက်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး ဥမင်လမ်းကြောင်းတွေနဲ့ ဆက်သွယ်ထားကာ အိမ်ပေါင်း ၁ သောင်းနီးပါး ရှိပါတယ်။ လက်ရှိမှာ လူ ၃ ထောင် နေထိုင်နေဆဲဖြစ်ပြီး တခြားသူတွေကတော့ ခေတ်ပေါ်အိမ်တွေကို ပြောင်းရွှေ့သွားခဲ့ကြပါပြီ။

ယောင်ဒန်လို့ ခေါ်ကြတဲ့ အဲဒီ မြေအောက်ရွာက လူတွေကို ဒီနေ့အထိ တွေ့မြင်နိုင်ပါတယ်။ လေးထောင့်ပုံ အိမ်ဝဟာ မြေကြီးထဲကို ဝင်သွားပြီး အိမ်ထဲမှာ အပူချိန်ဟာ ဆောင်းမှာ ၁၀ ဒီဂရီ ဆဲလ်ဆီးယပ်နဲ့ နွေမှာ ၂၀ ဒီဂရီ ဆဲလ်ဆီးယပ် ရှိပါတယ်။ အဲဒီ မြေအောက်ရွာကို တရုတ်အစိုးရက ၂၀၁၁ ခုနှစ်မှာ ‘တရုတ်နိုင်ငံရဲ့ အထူးဆန်းဆုံးရွာ’ အဖြစ် ရှေးဟောင်းအမွေအနှစ် စာရင်းကို သွင်းခဲ့ပါတယ်။