
0
2155



…………………. ။ ။ ………………….

The Death of Stalin ရုပ်ရှင်ကို ရုရှား ပိတ်ပင်

ဗြိတိသျှ ဟာသရုပ်ရှင်ဖြစ်တဲ့ စတာလင် သေဆုံးခြင်း (The Death of Stalin) ကို ရုရှား ယဉ်ကျေးမှုဝန်ကြီးဌာနက အိုင်ဒီယာ စစ်ပွဲဖြစ်တယ်လို့ သတ်မှတ်ပြီး ပိတ်ပင်လိုက်ပါတယ်။

အာမန်ဒို လန်နူစီရဲ့ နိုင်ငံရေး သရော်စာဝတ္ထုကို စတိဗ် ဘတ်စီမီနဲ့ ဂျဖရီ တမ်ဘာတို့ သရုပ်ဆောင်ထားတဲ့ အဲဒီရုပ်ရှင်ကို မနှစ်က အောက်တိုဘာလကစပြီး ဗြိတိန်မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စတာလင်ဟာ ၁၉၅၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့မှာ အဲဒီရုပ်ရှင်ကို ပြသဖို့ စီစဉ်ထားပေမယ့် မပြသမီ ပါလီမန်က အမတ်တွေက ကြည့်ရှုစိစစ်ရာမှာ ပြသဖို့ မသင့်ဘူးဆိုပြီး ပြသခွင့်ကို ရုရှား ယဉ်ကျေးမှု ဝန်ကြီးဌာနက ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။