အစၥေရး ဆန္႔က်င္ေရး လုပ္လို႔ ေခါင္းၿမီးၿခံဳ ေမာ္ဒယ္ အလွကုန္ ေၾကာ္ျငာကေန ႏုတ္ထြက္

0
2116

ၿဗိတိသွ်ႏိုင္ငံသူ အလွမယ္ ဘေလာ္ဂါျဖစ္တဲ့ အမီနာခန္းက သူ႔အေနနဲ႔ ေလာ္ရီယယ္ ေၾကာ္ျငာကေန ႏုတ္ထြက္လိုက္ၿပီ ျဖစ္ၿပီး သူ ၂၀၁၄ ခုႏွစ္တုန္းက အစၥေရး ဆန္႔က်င္ေရးေတြ အြန္လိုင္းမွာ ေရးသားခဲ့မိတဲ့ အတြက္ျဖစ္တယ္လို႔ ေျပာပါတယ္။

ေနာင္တရမႈ မ်ားစြာနဲ႔ အလွကုန္ ေၾကာ္ျငာကေန ႏုတ္ထြက္လိုက္ပါတယ္လို႔ ခန္းက သူရဲ႕ အင္စတာဂရမ္မွာ ေရးသားခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ခန္းဟာ အစၥေရး ဆန္႔က်င္ေရးေတြ ေရးသားခဲ့တယ္လို႔ စြပ္စြဲခံေနရပါတယ္။ သဟဇာတ ျဖစ္ေရးကို ကိုယ္စားမျပဳတဲ့အတြက္ အဲဒီ ေရးတင္ခဲ့တဲ့ ပို႔စ္ေတြကို ဖ်က္ခဲ့ၿပီးပါၿပီလို႔ ခန္းက တံု႔ျပန္ထားပါတယ္။

ဆံပင္ ထိန္းသိမ္းေစာင့္ေရွာက္တဲ့ အလွကုန္ ေၾကာ္ျငာမွာ ပထမဆံုး ေခါင္းၿမီးၿခံဳ ေမာ္ဒယ္ အမ်ိဳးသမီးအျဖစ္ ပါဝင္ခြင့္ရေတာ့မွာ ျဖစ္တယ္လို႔ ခန္းက ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း စိတ္လႈပ္ရွားစြာ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၄ ခုႏွစ္မွာ သူေရးခဲ့တဲ့ အစၥေရး ဆန္႔က်င္ေရး ပို႔စ္ေတြေၾကာင့္ အခုလို ကိုယ္တိုင္ ႏုတ္ထြက္လိုက္တာ ျဖစ္ပါတယ္။
………………….. ။ ။ …………………….

အစ္စရေး ဆန့်ကျင်ရေး လုပ်လို့ ခေါင်းမြီးခြုံ မော်ဒယ် အလှကုန် ကြော်ငြာကနေ နုတ်ထွက်

ဗြိတိသျှနိုင်ငံသူ အလှမယ် ဘလော်ဂါဖြစ်တဲ့ အမီနာခန်းက သူ့အနေနဲ့ လော်ရီယယ် ကြော်ငြာကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပြီး သူ ၂၀၁၄ ခုနှစ်တုန်းက အစ္စရေး ဆန့်ကျင်ရေးတွေ အွန်လိုင်းမှာ ရေးသားခဲ့မိတဲ့ အတွက်ဖြစ်တယ်လို့ ပြောပါတယ်။

နောင်တရမှု များစွာနဲ့ အလှကုန် ကြော်ငြာကနေ နုတ်ထွက်လိုက်ပါတယ်လို့ ခန်းက သူရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ခန်းဟာ အစ္စရေး ဆန့်ကျင်ရေးတွေ ရေးသားခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ သဟဇာတ ဖြစ်ရေးကို ကိုယ်စားမပြုတဲ့အတွက် အဲဒီ ရေးတင်ခဲ့တဲ့ ပို့စ်တွေကို ဖျက်ခဲ့ပြီးပါပြီလို့ ခန်းက တုံ့ပြန်ထားပါတယ်။

ဆံပင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အလှကုန် ကြော်ငြာမှာ ပထမဆုံး ခေါင်းမြီးခြုံ မော်ဒယ် အမျိုးသမီးအဖြစ် ပါဝင်ခွင့်ရတော့မှာ ဖြစ်တယ်လို့ ခန်းက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စိတ်လှုပ်ရှားစွာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာ သူရေးခဲ့တဲ့ အစ္စရေး ဆန့်ကျင်ရေး ပို့စ်တွေကြောင့် အခုလို ကိုယ်တိုင် နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။