ၿဗိတိန္ကို သြားေရာက္မယ့္ခရီးစဥ္ အေမရိကန္ သမၼတ ဖ်က္သိမ္း

0
1903

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က  သူ႔အေနနဲ႔ ၿဗိတိန္ႏုိင္ငံမွာ အေမရိကန္ သံ႐ံုး ေျပာင္းေရႊ႕ ဖြင့္လွစ္ပြဲအတြက္ ၿဗိတိန္ႏိုင္ငံဆီကို ခ်စ္ၾကည္ေရးခရီး သြားေရာက္မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။  

သမၼတ ေဒၚနယ္ထရမ့္က သူ႔အစား အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္ကိုသာ ေစလႊတ္သြားဖြယ္ ရွိနပါတယ္။ အေမရိကန္သံ႐ံုးကို ဂေရာ့စ္ဗန္နာ ကေန လန္ဒန္ၿမိဳ႕ေတာင္ပိုင္း ႏိုင္းအမ္းစ္ဆီ ေျပာင္းေရႊ႕မႈကို ဆုိးရြားတဲ့ အလုပ္တစ္ခုအျဖစ္ သမၼတ ေဒၚနယ္ထရမ့္က ရႈျမင္ထားပါတယ္။

ထြက္ေပၚေနတဲ့ သတင္းေတြအရ အေမရိကန္ သမၼတဟာ ၿဗိတိန္ႏိုင္ငံမွာ ဆႏၵျပမႈေတြ ႀကံဳရႏုိင္တာေၾကာင့္ ခရီးစဥ္ကို ဖ်က္သိမ္းလိုက္တာလို႔ ဆုိၾကပါတယ္။

သမၼတေဟာင္း အုိဘားမား အစိုးရ လက္ထက္က ေငြေၾကး အေထာက္ပံ့ျဖစ္ေစဖို႔အတြက္ အေမရိကန္ သံ႐ံုးေဟာင္း ရိွတဲ့ေနရာကို ေရာင္းခ်ခဲ့ၿပီး အခု အသစ္ဖြင့္လွစ္မယ့္ေနရာကို ေရႊ႕ခဲ့တာ ျဖစ္ပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ အေမရိကန္သံ႐ံုကို  ဇန္နဝါရီ ၁၆ ရက္ေန႔မွာ ဖြင့္လွစ္မွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်ကို သွားရောက်မယ့်ခရီးစဉ် အမေရိကန် သမ္မတ ဖျက်သိမ်း

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ ဗြိတိန်နိုင်ငံမှာ အမေရိကန် သံရုံး ပြောင်းရွှေ့ ဖွင့်လှစ်ပွဲအတွက် ဗြိတိန်နိုင်ငံဆီကို ချစ်ကြည်ရေးခရီး သွားရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က သူ့အစား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်ကိုသာ စေလွှတ်သွားဖွယ် ရှိနပါတယ်။ အမေရိကန်သံရုံးကို ဂရော့စ်ဗန်နာ ကနေ လန်ဒန်မြို့တောင်ပိုင်း နိုင်းအမ်းစ်ဆီ ပြောင်းရွှေ့မှုကို ဆိုးရွားတဲ့ အလုပ်တစ်ခုအဖြစ် သမ္မတ ဒေါ်နယ်ထရမ့်က ရှုမြင်ထားပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ အမေရိကန် သမ္မတဟာ ဗြိတိန်နိုင်ငံမှာ ဆန္ဒပြမှုတွေ ကြုံရနိုင်တာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာလို့ ဆိုကြပါတယ်။

သမ္မတဟောင်း အိုဘားမား အစိုးရ လက်ထက်က ငွေကြေး အထောက်ပံ့ဖြစ်စေဖို့အတွက် အမေရိကန် သံရုံးဟောင်း ရှိတဲ့နေရာကို ရောင်းချခဲ့ပြီး အခု အသစ်ဖွင့်လှစ်မယ့်နေရာကို ရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ အမေရိကန်သံရုံကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

?bph6