လိင္ေက်းကၽြန္အျဖစ္ အသံုးခ်ခံရသူေတြအတြက္ ေတာင္ကိုရီးယား ေတာင္းဆုိခ်က္ ဂ်ပန္ပယ္ခ်

0
1621

ဂ်ပန္စစ္သားေတြရဲ႕ လိင္ေက်းကၽြန္အျဖစ္ အသံုးခ်ခံခဲ့ရတဲ့ ေတာင္ကိုရီးယား အမ်ိဳးသမီးေတြအတြက္ အကူအညီ ပိုမုိေပးအပ္ဖုိ႔ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ေတာင္းဆုိမႈကို ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးက ျငင္းဆန္လိုက္ပါတယ္။  

လိင္ေက်းကၽြန္အျဖစ္ အသံုးခ်ခံရသူေတြနဲ႔ ပတ္သက္လုိ႔ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏုိင္ငံတုိ႔ဟာ ၂၀၁၅ ခုႏွစ္က သေဘာတူညီမႈ ရရွိခဲ့ရာ အဲဒီ သေဘာတူညီခ်က္ အတုိင္းသာ အဓိက ထားသြားမယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္က ေျပာထားပါတယ္။

ေတာင္ကိုရီးယား ဝန္ႀကီးခ်ဳပ္ မြန္းေဂ်အင္ကေတာ့ အဲဒီ သေဘာတူညီခ်က္ဟာ လိင္ေက်းကၽြန္အျဖစ္ အသံုးခ်ခံရတဲ့ သူေတြအတြက္ လိုအပ္ခ်က္ေတြ၊ အခက္အခဲေတြကို မေျဖရွင္းႏိုင္ဘူးလို႔ အခု သီတင္းပတ္အတြင္းက ေျပာထားပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္က ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္ဟာ  ႏွစ္ႏိုင္ငံစလံုးရဲ႕ ကတိေတြျဖစ္ၿပီး ေတာင္ကိုရီးယားႏိုင္ငံရဲ႕ တဖက္သတ္ ေတာင္းဆုိခ်က္ေတြကို လက္မခံႏုိင္ဘူးလို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိင်ကျေးကျွန်အဖြစ် အသုံးချခံရသူတွေအတွက် တောင်ကိုရီးယား တောင်းဆိုချက် ဂျပန်ပယ်ချ

ဂျပန်စစ်သားတွေရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးချခံခဲ့ရတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေအတွက် အကူအညီ ပိုမိုပေးအပ်ဖို့ တောင်ကိုရီးယားနိုင်ငံရဲ့ တောင်းဆိုမှုကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ငြင်းဆန်လိုက်ပါတယ်။

လိင်ကျေးကျွန်အဖြစ် အသုံးချခံရသူတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဟာ ၂၀၁၅ ခုနှစ်က သဘောတူညီမှု ရရှိခဲ့ရာ အဲဒီ သဘောတူညီချက် အတိုင်းသာ အဓိက ထားသွားမယ်လို့ ဂျပန် ဝန်ကြီးချုပ်က ပြောထားပါတယ်။

တောင်ကိုရီးယား ဝန်ကြီးချုပ် မွန်းဂျေအင်ကတော့ အဲဒီ သဘောတူညီချက်ဟာ လိင်ကျေးကျွန်အဖြစ် အသုံးချခံရတဲ့ သူတွေအတွက် လိုအပ်ချက်တွေ၊ အခက်အခဲတွေကို မဖြေရှင်းနိုင်ဘူးလို့ အခု သီတင်းပတ်အတွင်းက ပြောထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်က ၂၀၁၅ ခုနှစ် သဘောတူညီချက်ဟာ နှစ်နိုင်ငံစလုံးရဲ့ ကတိတွေဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ တဖက်သတ် တောင်းဆိုချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

?bph6