႐ုရွား စစ္စခန္းကို တုိက္ခုိက္မႈက ရန္စမႈ ျဖစ္တယ္လို႔ သမၼတ ပူတင္ေျပာ

ဆီးရီယားရွိ ႐ုရွား စစ္ဘက္အေဆာက္အဦးကို ေမာင္းသူမဲ့ေလယာဥ္ ဒ႐ုန္း ၁၃ စင္းနဲ႔ တုိက္ခုိက္တာဟာ ရန္စမႈျဖစ္ၿပီး  အီရန္၊ တူရကီ၊ ႐ုရွားႏုိင္ငံတို႔ၾကား ဆက္ဆံေရးနဲ႔ ရွိၿပီးသား သေဘာတူညီခ်က္ေတြကို ပ်က္စီးေအာင္ လုပ္ေဆာင္တာလို႔ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္က ျပစ္တင္လုိက္ပါတယ္။  

အဲဒီတုိက္ခိုက္မႈ ဘယ္သူလုပ္ေဆာင္တယ္ ဆိုတာကို သိရွိထားၿပီး ရန္စမႈေတြအတြက္ ျပန္ေပးဆပ္ရမယ္လုိ႔ ႐ုရွားသမၼတက ေျပာပါတယ္။ အဲဒီ တုိက္ခုိက္မႈဟာ  သေဘာတူညီမႈေတြကို ပ်က္စီးေအာင္လုပ္တဲ့ ရည္ရြယ္ခ်က္ ျဖစ္တယ္လုိ႔ သမၼတ ပူတင္က ေျပာပါတယ္။

႐ုရွားသမၼတက အခုတုိက္ခုိက္မႈ ျဖစ္ရပ္အတြက္ ဆီးရီးယားႏုိင္ငံ အတြင္းရွိ ႐ုရွားတပ္ဖြဲ႔ေတြရဲ႕ လံုၿခံဳေရးကို ပိုမုိေကာင္းမြန္ေအာင္ လုပ္ေဆာင္သြားမွာျဖစ္ၿပီး တုိက္ခုိက္ခဲ့တဲ့ ဒ႐ုန္းေလယာဥ္ေတြမွာ နည္းပညာပိုင္း အဆင့္ျမင့္ပစၥည္းေတြ တပ္ဆင္ထားတယ္လုိ႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှား စစ်စခန်းကို တိုက်ခိုက်မှုက ရန်စမှု ဖြစ်တယ်လို့ သမ္မတ ပူတင်ပြော

ဆီးရီယားရှိ ရုရှား စစ်ဘက်အဆောက်အဦးကို မောင်းသူမဲ့လေယာဉ် ဒရုန်း ၁၃ စင်းနဲ့ တိုက်ခိုက်တာဟာ ရန်စမှုဖြစ်ပြီး အီရန်၊ တူရကီ၊ ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးနဲ့ ရှိပြီးသား သဘောတူညီချက်တွေကို ပျက်စီးအောင် လုပ်ဆောင်တာလို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြစ်တင်လိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှု ဘယ်သူလုပ်ဆောင်တယ် ဆိုတာကို သိရှိထားပြီး ရန်စမှုတွေအတွက် ပြန်ပေးဆပ်ရမယ်လို့ ရုရှားသမ္မတက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ သဘောတူညီမှုတွေကို ပျက်စီးအောင်လုပ်တဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

ရုရှားသမ္မတက အခုတိုက်ခိုက်မှု ဖြစ်ရပ်အတွက် ဆီးရီးယားနိုင်ငံ အတွင်းရှိ ရုရှားတပ်ဖွဲ့တွေရဲ့ လုံခြုံရေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး တိုက်ခိုက်ခဲ့တဲ့ ဒရုန်းလေယာဉ်တွေမှာ နည်းပညာပိုင်း အဆင့်မြင့်ပစ္စည်းတွေ တပ်ဆင်ထားတယ်လို့ ပြောပါတယ်။

adv_banner