အျဖဴေရာင္ေတြ လႊမ္းမိုးထားတဲ့ Critics’ Choice ဆုေပးပြဲ

0
1634

အေမရိကန္ႏိုင္ငံ၊ ဆန္တာ ေမာ္နီကာၿမိဳ႕မွာ မေန႔ ဇန္န၀ါရီလ ၁၁ ရက္ေန႔ညက ၂၃ ႀကိမ္ေျမာက္ Critics’ Choice Awards ဆုေပးပြဲ ေကာေဇာျပာ ခင္းထားတဲ့ ႏွစ္ပတ္လည္ အခမ္းအနားကို နာမည္ႀကီး အႏုပညာရွင္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

အဲ့ဒီ ဆုဟာ ၂၀၁၇ ခုႏွစ္အတြင္း ႐ုပ္သံဆိုင္ရာဆုနဲ႔ အေကာင္းဆံုး႐ုပ္ရွင္ဆိုင္ရာ ဖန္တီးမႈေတြအတြက္ ဆုေတြကို ေပးအပ္တဲ့ အခမ္းအနား ျဖစ္ပါတယ္။ အဲ့ဒီအခမ္းအနားကို မင္းသမီး အင္ဂ်လီနာ ဂ်ိဳလီ၊ ဒိုင္ယာေန က႐ူဂါ၊ အမ္မာ ေရာဘတ္၊ ကိတ္ ေဘာ့စ္ဝါ့သ္နဲ႔ ဆာအိုစီ ႐ိုနန္တို႔က ထူးထူးျခားျခား အျဖဴေရာင္ဝတ္စံုေတြကို ေရြးခ်ယ္ ဝတ္ဆင္ခဲ့ၾကပါတယ္။

ဒီပြဲမတိုင္ခင္ ၿပီးခဲ့တဲ့ ရက္ပုိင္းမွာ က်င္းပခဲ့တဲ့ ေရႊကမာၻလံုး (Golden Globes) ဆုေပးပြဲ အခမ္းအနားမွာေတာ့ ဆန္႔က်င့္ဘက္ အေနနဲ႔ မင္းသမီးအေတာ္မ်ားမ်ားက အနက္ေရာင္ေတြခ်ည္းပဲ ဝတ္ဆင္ခဲ့ပါတယ္။ ေဟာလိဝုဒ္မွာ လိင္ပုိင္းဆိုင္ရာ ထိပါးေႏွာက္ယွက္မႈေတြကို ဆန္႔က်င္တဲ့အေနနဲ႔ Golden Globes ဆုေပးပြဲမွာ မင္းသမီး အေတာ္မ်ားမ်ားက အနက္ေရာင္ကို ဝတ္ဆင္ခဲ့ၾကတာ ျဖစ္ပါတယ္။
…………………. ။ ။ ………………..

အဖြူရောင်တွေ လွှမ်းမိုးထားတဲ့ Critics’ Choice ဆုပေးပွဲ

အမေရိကန်နိုင်ငံ၊ ဆန်တာ မော်နီကာမြို့မှာ မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ညက ၂၃ ကြိမ်မြောက် Critics’ Choice Awards ဆုပေးပွဲ ကောဇောပြာ ခင်းထားတဲ့ နှစ်ပတ်လည် အခမ်းအနားကို နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီ ဆုဟာ ၂၀၁၇ ခုနှစ်အတွင်း ရုပ်သံဆိုင်ရာဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆိုင်ရာ ဖန်တီးမှုတွေအတွက် ဆုတွေကို ပေးအပ်တဲ့ အခမ်းအနား ဖြစ်ပါတယ်။ အဲ့ဒီအခမ်းအနားကို မင်းသမီး အင်ဂျလီနာ ဂျိုလီ၊ ဒိုင်ယာနေ ကရူဂါ၊ အမ်မာ ရောဘတ်၊ ကိတ် ဘော့စ်ဝါ့သ်နဲ့ ဆာအိုစီ ရိုနန်တို့က ထူးထူးခြားခြား အဖြူရောင်ဝတ်စုံတွေကို ရွေးချယ် ဝတ်ဆင်ခဲ့ကြပါတယ်။

ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ရွှေကမ္ဘာလုံး (Golden Globes) ဆုပေးပွဲ အခမ်းအနားမှာတော့ ဆန့်ကျင့်ဘက် အနေနဲ့ မင်းသမီးအတော်များများက အနက်ရောင်တွေချည်းပဲ ဝတ်ဆင်ခဲ့ပါတယ်။ ဟောလိဝုဒ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ Golden Globes ဆုပေးပွဲမှာ မင်းသမီး အတော်များများက အနက်ရောင်ကို ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

?bph6