



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျန်ကီယမ် နဲ့ လီရီနာတို့ ချစ်ဇာတ်လမ်း တစ်ခန်းရပ်သွားခဲ့

တောင်ကိုရီးယား သရုပ်ဆောင် မင်းသား ဂျန်ကီယမ်နဲ့ မင်းသမီး လီရီနာတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သူတို့နှစ်ဦးစလုံးဟာ လက်ရှိအချိန်မှာ လမ်းခွဲလိုက်ပြီ ဖြစ်တယ်လို့ YG အေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းသား ဂျန်ကီယမ်ဟာ လက်ရှိအချိန်မှာ အနုပညာ အလုပ်တွေကိုသာ အာရုံစိုက်နေတယ်လို့ YG အင်တာတိန်းမန့် တာဝန်ရှိသူက ပြောပါတယ်။

မင်းသမီး လီရီနာရဲ့ အေဂျင်စီကလည်း မင်းသမီး လီရီနာနဲ့ မင်းသား ဂျန်ကီယမ်တို့ရဲ့ ချစ်ဇာတ်လမ်းဟာ တစ်ခန်းရပ်သွားခဲ့ပြီဖြစ်ပြီး အရင်းနှီးဆုံး မိတ်ဆွေတွေ အဖြစ်သာ ဆက်ရှိသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

adv_banner