ခ်ဲလ္ဆီးနည္းျပ တာဝန္ယူဖို႔ အယ္လီဂရီ  သေဘာတူညီမႈ ရထား

0
1618

ဂ်ဴဗင္တပ္ နည္းျပ အယ္လီဂရီက လာမယ့္ေႏြရာသီမွာ ခ်ဲလ္ဆီးနည္းျပ ကြန္တီေနရာကို တာဝန္ယူဖို႔ သေဘာတူညီ မႈ ရရွိထားတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

နည္းျပကြန္တီ အီတလီ လက္ေရြးစင္အသင္းကို တာဝန္ယူတဲ့ ၂၀၁၄ ခုႏွစ္တုန္းကလည္း နည္းျပ အယ္လီဂရီဟာ ကြန္တီရဲ႕ ဂ်ဴဗင္တပ္နည္းျပ ေနရာမွာ အစားထုိးခံရဖူးသူ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ အသင္းကေတာ့  နည္းျပ အယ္လီဂရီကို  အသင္းကေန ထြက္ခြာခြင့္ျပဳဖို႔ မလုိလားဘဲ ရွိေနပါတယ္။ နည္းျပ အယ္လီဂရီဟာ  ဂ်ဴဗင္တပ္အသင္းနဲ႔ ၂၀၂၀ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း ရွိေနသူ ျဖစ္ပါတယ္။

အယ္လီဂရီဟာ ဂ်ဴဗင္တပ္နည္းျပ တာဝန္ယူတဲ့ ပထမဆံုး သံုးရာသီအတြင္း တစ္ရာသီကို စီးရီးေအ အမွတ္ေပး ခ်န္ပီယံဆု ရေအာင္ စြမ္းေဆာင္ေပးႏုိင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ဗိုလ္လုပြဲ ႏွစ္ႀကိမ္တက္ေအာင္  ကူညီေပးခဲ့ပါတယ္။ ဂ်ဴဗင္တပ္အသင္းဟာ လက္ရွိရာသီမွာ နာပိုလီေနာက္ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချဲလ်ဆီးနည်းပြ တာဝန်ယူဖို့ အယ်လီဂရီ သဘောတူညီမှု ရထား

ဂျူဗင်တပ် နည်းပြ အယ်လီဂရီက လာမယ့်နွေရာသီမှာ ချဲလ်ဆီးနည်းပြ ကွန်တီနေရာကို တာဝန်ယူဖို့ သဘောတူညီမ ှုရရှိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နည်းပြကွန်တီ အီတလီ လက်ရွေးစင်အသင်းကို တာဝန်ယူတဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း နည်းပြ အယ်လီဂရီဟာ ကွန်တီရဲ့ ဂျူဗင်တပ်နည်းပြ နေရာမှာ အစားထိုးခံရဖူးသူ ဖြစ်ပါတယ်။

ဂျူဗင်တပ် အသင်းကတော့ နည်းပြ အယ်လီဂရီကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ မလိုလားဘဲ ရှိနေပါတယ်။ နည်းပြ အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်နည်းပြ တာဝန်ယူတဲ့ ပထမဆုံး သုံးရာသီအတွင်း တစ်ရာသီကို စီးရီးအေ အမှတ်ပေး ချန်ပီယံဆု ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ နှစ်ကြိမ်တက်အောင် ကူညီပေးခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ လက်ရှိရာသီမှာ နာပိုလီနောက် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပါတယ်။

?bph6