ဂူဂဲလ္က ဂုုဏ္ျပဳျခင္းခံခဲ့ရတဲ့ ဇီဝသိပၸံပညာရွင္ ႏိုဘယ္လ္ဆုရွင္ ဟာ ဂုိဘင္ ခုိရာနာ

0
1917

အိႏၵိယ-အေမရိကန္ႏြယ္ဖြား ဟာ ဂိုဘင္ ခုိရာနာကုိ ရာဂ်ာပတ္ၿမိဳ႕က ရြာေလးတစ္ရြာမွာ ၁၉၂၂ ခုုႏွဟ္၊ ဇန္နဝါရီလ ၉ ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။

သိပၺံနဲ႔ မဟာသိပၸံဘြဲ႔ကုုိ ပန္ဂ်ပ္တကၠသုုိလ္ကေန ရရွိခဲ့ၿပီး ပါရဂူဘြဲ႔ကုိေတာ့ ၁၉၄၈ ခုႏွစ္မွာ အဂၤလန္က လီဗာပူးလ္ တကၠသိုလ္ကေန ရရွိခဲ့ပါတယ္။

၁၉၅၂ ခုုႏွစ္မွာ ကေနဒါမွာရွိတဲ့ ၿဗိတိသ်ွ-ကုုိလံဘီယာ တကၠသိုလ္ရဲ႕ ကမ္လွမ္းမႈေၾကာင့္ ဇီဝသိပၸံနဲ႔ ပက္သက္တဲ့ သုေတသနလုုပ္ငန္းေတြ လုပ္ကုိင္ခြင့္ ရခဲ့ပါတယ္။

အဲဒီေနာက္ အေမရိကန္ကုိ ေျပာင္းေရႊ႕ၿပီး ေျခာက္ႏွစ္အၾကာ ၁၉၆၆ ခုႏွစ္မွာ အေမရိကန္ ႏိုင္ငံသားအျဖစ္ ခံယူခဲ့ပါတယ္။ ၁၉၆၈ ခုႏွစ္မွာေတာ့ မ်ိဳး႐ိုးဗီဇနဲ႔ဆုုိင္တဲ့ သေကၤတေတြကုိ ဘာသာျပန္ႏိုင္ခဲ့တာေၾကာင့္ “ဇီဝကမၼေဗဒဆုိင္ရာ ေဆးပညာ” နဲ႔ ႏိုဗဲလ္ဆု ရရွိခဲ့ပါတယ္။

သဘာဝမဟုတ္ဘဲ လူက ဖန္တီးတဲ့ မ်ိဳး႐ိုးဗီဇသစ္ကုိလည္း ပထမဦးဆုုံး ဖန္တီးႏိုင္ခဲ့သူ ျဖစ္တဲ့အျပင္ တျခားေအာင္ျမင္လွတဲ့ သုုေတသန ရလဒ္ေတြေၾကာင့္ ဆုေတြလည္း အမ်ားႀကီး ရခဲ့ပါတယ္။

၂၀၁၁ ႏိုဝင္ဘာ ၉ ရက္ေန႔မွာ အေမရိကန္ မက္ဆာခ်ဴးဆက္ နည္းပညာ တကၠသိုလ္က သူေသးဆုံးေၾကာင္းနဲ႔ သူဟာ ဒီတကၠသုိလ္ရဲ႕ ထာဝရ ဂုဏ္ထူးေဆာင္ ပါေမာကၡတစ္ေယာက္ျဖစ္ေၾကာင္းကိုပါ ေၾကညာခဲ့ပါတယ္။

ဂူဂဲလ္က ဇန္နဝါရီ ၉ ရက္ေန႔ သူ႔ေမြးေန႔မွာ ဂုဏ္ျပဳတဲ့အေနနဲ႔ ႏိုင္ငံ ၁၃ ႏိုင္ငံရဲ႕ ဂူဂဲလ္ ဝက္ဘ္ေတြမွာ သူ႔ပုံေျပာင္းလဲကာ ဂုုဏ္ျပဳခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂူဂဲလ်က ဂုဏ်ပြုခြင်းခံခဲ့ရတဲ့ ဇီဝသိပ္ပံပညာရှင် နိုဘယ်လ်ဆုရှင် ဟာ ဂိုဘင် ခိုရာနာ

အိန္ဒိယ-အမေရိကန်နွယ်ဖွား ဟာ ဂိုဘင် ခိုရာနာကို ရာဂျာပတ်မြို့က ရွာလေးတစ်ရွာမှာ ၁၉၂၂ ခုနှဟ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
သိပ္ဗံနဲ့ မဟာသိပ္ပံဘွဲ့ကို ပန်ဂျပ်တက္ကသိုလ်ကနေ ရရှိခဲ့ပြီး ပါရဂူဘွဲ့ကိုတော့ ၁၉၄၈ ခုနှစ်မှာ အင်္ဂလန်က လီဗာပူးလ် တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ကနေဒါမှာရှိတဲ့ ဗြိတိသျှ-ကိုလံဘီယာ တက္ကသိုလ်ရဲ့ ကမ်လှမ်းမှုကြောင့် ဇီဝသိပ္ပံနဲ့ ပက်သက်တဲ့ သုတေသနလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်ကို ပြောင်းရွှေ့ပြီး ခြောက်နှစ်အကြာ ၁၉၆၆ ခုနှစ်မှာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာတော့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ သင်္ကေတတွေကို ဘာသာပြန်နိုင်ခဲ့တာကြောင့် “ဇီဝကမ္မဗေဒဆိုင်ရာ ဆေးပညာ” နဲ့ နိုဗဲလ်ဆု ရရှိခဲ့ပါတယ်။

သဘာဝမဟုတ်ဘဲ လူက ဖန်တီးတဲ့ မျိုးရိုးဗီဇသစ်ကိုလည်း ပထမဦးဆုံး ဖန်တီးနိုင်ခဲ့သူ ဖြစ်တဲ့အပြင် တခြားအောင်မြင်လှတဲ့ သုတေသန ရလဒ်တွေကြောင့် ဆုတွေလည်း အများကြီး ရခဲ့ပါတယ်။

၂၀၁၁ နိုဝင်ဘာ ၉ ရက်နေ့မှာ အမေရိကန် မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်က သူသေးဆုံးကြောင်းနဲ့ သူဟာ ဒီတက္ကသိုလ်ရဲ့ ထာဝရ ဂုဏ်ထူးဆောင် ပါမောက္ခတစ်ယောက်ဖြစ်ကြောင်းကိုပါ ကြေညာခဲ့ပါတယ်။ ဂူဂဲလ်က ဇန်နဝါရီ ၉ ရက်နေ့ သူ့မွေးနေ့မှာ ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံ ၁၃ နိုင်ငံရဲ့ ဂူဂဲလ် ဝက်ဘ်တွေမှာ သူ့ပုံပြောင်းလဲကာ ဂုဏ်ပြုခဲ့ပါတယ်။

?bph6