၂၀၁၈ ခုႏွစ္ရဲ႕ အေကာင္းဆုုံး Gadgets  ျဖစ္လာတဲ့ Lenovo  Thinkpad T Series

0
2014

၂၀၁၈ ခုႏွစ္မွာ ေပၚထြက္လာမယ့္ သယ္ေဆာင္လြယ္ အေပါ့စား အုိင္တီ ပစၥည္း ၁၀ မ်ိဳးမွာ နံပါတ္တစ္ကေတာ့လီႏိုဗို (Lenovo) ကုမၸဏီက ထုတ္တဲ့ Thinkpad T series ပါ။

လီႏိုဗိုရဲ႕ T Series ဟာ လက္ပ္ေတာ့ အေနနဲ႔ေကာ တက္ဘလက္ အေနနဲ႔ပါ သုံးႏိုင္ေအာင္ လုပ္ထားတာျဖစ္သလုိ ဒီဇိုင္းပုိင္းအေနနဲ႔ ထူးျခားတဲ့ ဟာကေတာ့ အပါးဆုံးနဲ႔ အေပါ့ဆုံး လက္ပ္ေတာ့ တစ္ခု ျဖစ္တာပါ။

စြမ္းေဆာင္ရည္ေတြကေတာ့ လုံၿခဳံေရးဆုိင္ရာ အဆင့္ျမွင့္တင္ထားမႈေတြ ပါဝင္လာမွာျဖစ္ၿပီး ဟက္ကာေတြရဲ႕ ေစာင့္ၾကည့္ေႏွာက္ယွက္တာမ်ိဳးကေန ကာကြယ္နုုိင္တဲ့ Thinkshutter ေခၚ Webcam ၊ လက္ေဗြစနစ္ (Finger print) စတဲ့ ပုဂၢိဳလ္ေရးဆိုင္ရာ လုံၿခဳံမႈကုိ တုိးျမွင့္ထားတဲ့ နည္းပညာေတြ ပါပါတယ္။

အထူးျခားဆုံးကေတာ့ ဘက္ထရီ ျဖစ္ၿပီး တစ္ရက္လံုးကုိ အားသြင္းစရာမလုိဘဲ မနားတမ္း သုံးႏိုင္ပါတယ္။ Processor အေနနဲ႔လည္း လက္ရွိမွာ Intel ရဲ႕ 7th Generation  က ေနာက္ဆံုးျဖစ္ေနေပမယ့္ ဒီ Thinkpad T Series ကုိ Intel ရဲ႕ 8th Generation ပ႐ိုဆက္ဆာနဲ႔ ထြက္လာမယ္လုိ႔လည္း ေၾကညာထားပါတယ္။

ဒီအခ်က္ေတြေၾကာင့္ ၂၀၁၈ ခုႏွစ္ရဲ႕ ထိပ္တန္း အုိင္တီပစၥည္း နံပါတ္တစ္ေနရာကုိ လီႏိုဗိုက ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေစ်းႏႈန္း အေနနဲ႔ကေတာ့ ေမာ္ဒယ္အလုိက္ ၉၈၉  ေဒၚလာကေန ၁၀၇၉ ေဒၚလာ အထိ အသီးသီးရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး Gadgets ဖြစ်လာတဲ့ Lenovo Thinkpad T Series

၂၀၁၈ ခုနှစ်မှာ ပေါ်ထွက်လာမယ့် သယ်ဆောင်လွယ် အပေါ့စား အိုင်တီ ပစ္စည်း ၁၀ မျိုးမှာ နံပါတ်တစ်ကတော့
လီနိုဗို (Lenovo) ကုမ္ပဏီက ထုတ်တဲ့ Thinkpad T series ပါ။

လီနိုဗိုရဲ့ T Series ဟာ လက်ပ်တော့ အနေနဲ့ကော တက်ဘလက် အနေနဲ့ပါ သုံးနိုင်အောင် လုပ်ထားတာဖြစ်သလို ဒီဇိုင်းပိုင်းအနေနဲ့ ထူးခြားတဲ့ ဟာကတော့ အပါးဆုံးနဲ့ အပေါ့ဆုံး လက်ပ်တော့ တစ်ခု ဖြစ်တာပါ။

စွမ်းဆောင်ရည်တွေကတော့ လုံခြုံရေးဆိုင်ရာ အဆင့်မြှင့်တင်ထားမှုတွေ ပါဝင်လာမှာဖြစ်ပြီး ဟက်ကာတွေရဲ့ စောင့်ကြည့်နှောက်ယှက်တာမျိုးကနေ ကာကွယ်နိုင်တဲ့ Thinkshutter ခေါ် Webcam ၊ လက်ဗွေစနစ် (Finger print) စတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို တိုးမြှင့်ထားတဲ့ နည်းပညာတွေ ပါပါတယ်။

အထူးခြားဆုံးကတော့ ဘက်ထရီ ဖြစ်ပြီး တစ်ရက်လုံးကို အားသွင်းစရာမလိုဘဲ မနားတမ်း သုံးနိုင်ပါတယ်။ Processor အနေနဲ့လည်း လက်ရှိမှာ Intel ရဲ့ 7th Generation က နောက်ဆုံးဖြစ်နေပေမယ့် ဒီ Thinkpad T Series ကို Intel ရဲ့ 8th Generation ပရိုဆက်ဆာနဲ့ ထွက်လာမယ်လို့လည်း ကြေညာထားပါတယ်။

ဒီအချက်တွေကြောင့် ၂၀၁၈ ခုနှစ်ရဲ့ ထိပ်တန်း အိုင်တီပစ္စည်း နံပါတ်တစ်နေရာကို လီနိုဗိုက ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဈေးနှုန်း အနေနဲ့ကတော့ မော်ဒယ်အလိုက် ၉၈၉ ဒေါ်လာကနေ ၁၀၇၉ ဒေါ်လာ အထိ အသီးသီးရှိပါတယ်။

?bph6