ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ ဆိုင္ရာ အခ်က္အလက္ေတြကို ဟက္ကာေတြ ခိုးယူဖို႔ ႀကိဳးပမ္းေန

 

လာမယ့္လမွာ က်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ဆိုင္ရာ အေရးႀကီးတဲ့ အခ်က္အလက္ေတြကို ခိုးယူဖို႔ ဟက္ကာေတြ ႀကိဳးပမ္းေနတယ္လို႔ မက္ခ္ကဖီး (McAfee) ဆိုင္ဘာ လံုၿခံဳေရး ကုမၸဏီက ေျပာပါတယ္။

ေတာင္ကိုရီးယား ႏိုင္ငံ ၿပံဳခ်မ္းမွာ က်င္းပမယ့္ ပြဲေတာ္ရဲ႕ အင္တာနက္လင့္ခ္ေတြကို ဗုိင္းရပ္စ္ေတြပါတဲ့ အီးေမးလ္ေတြ ပို႔လႊတ္ေနတာ ေျခရာခံမိတယ္လို႔ မက္ခ္ကဖီးက ေျပာပါတယ္။ ဒါေပမယ့္ ဘယ္သူေတြက အဲဒီလို ခိုးယူဖို႔ ႀကိဳးပမ္းေနတယ္ဆိုတာေတာ့ မေျပာပါဘူး။

အိုလံပစ္ဆိုင္ရာ အဖြဲ႔အစည္းက ပုဂၢိဳလ္ေတြ ဒုကၡေပးမယ့္ အီးေမးလ္ေပါင္း ေျမာက္ျမားစြာကို လက္ခံရရွိေနၿပီး အထူးသျဖင့္ ေရခဲျပင္ ေဟာ္ကီ ကစားပြဲနဲ႔ ပတ္သက္တယ္လို႔ မက္ခ္ဖီးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆောင်းရာသီ အိုလံပစ်ပွဲတော် ဆိုင်ရာ အချက်အလက်တွေကို ဟက်ကာတွေ ခိုးယူဖို့ ကြိုးပမ်းနေ

လာမယ့်လမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ဆိုင်ရာ အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးယူဖို့ ဟက်ကာတွေ ကြိုးပမ်းနေတယ်လို့ မက်ခ်ကဖီး (McAfee) ဆိုင်ဘာ လုံခြုံရေး ကုမ္ပဏီက ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံ ပြုံချမ်းမှာ ကျင်းပမယ့် ပွဲတော်ရဲ့ အင်တာနက်လင့်ခ်တွေကို ဗိုင်းရပ်စ်တွေပါတဲ့ အီးမေးလ်တွေ ပို့လွှတ်နေတာ ခြေရာခံမိတယ်လို့ မက်ခ်ကဖီးက ပြောပါတယ်။ ဒါပေမယ့် ဘယ်သူတွေက အဲဒီလို ခိုးယူဖို့ ကြိုးပမ်းနေတယ်ဆိုတာတော့ မပြောပါဘူး။

အိုလံပစ်ဆိုင်ရာ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ ဒုက္ခပေးမယ့် အီးမေးလ်ပေါင်း မြောက်မြားစွာကို လက်ခံရရှိနေပြီး အထူးသဖြင့် ရေခဲပြင် ဟော်ကီ ကစားပွဲနဲ့ ပတ်သက်တယ်လို့ မက်ခ်ဖီးက ပြောပါတယ်။

adv_banner