ကဘူးလ္မွာ အေသခံဗံုးခြဲတုိက္ခုိက္ခံမႈ ၁၁ ဦး ေသဆံုး

0
240

အာဖဂန္နစၥတန္ႏိုင္ငံ၊ ကဘူလ္းၿမိဳ႕မွာ မေန႔ ဇန္န၀ါရီလ ၄  ရက္ေန႔ညက အေသခံဗံုးခြဲ တုိက္ခုိက္မႈ ျဖစ္ပြားခဲ့လုိ႔ ေသဆံုးသူ အနည္းဆံုး ၁၁ ဦးရွိခဲ့ၿပီး ၂၅ ဦး ထိခုိက္ဒဏ္ရာရရွိတယ္လုိ႔ အာဖဂန္ က်န္းမာေရး ဝန္ၾကီးဌာနက ေျပာပါတယ္။

တိုက္ခိုက္မႈဟာ ေဒသစံေတာ္ခ်ိန္  ည၈ နာရီခြဲမွာ ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဒဏ္ရာရ ရွိသူေတြကုိ ေဆး႐ံုကို ပို႔ေဆာင္ေပးထားပါတယ္။ ဒီဗံုးခြဲတုိက္ခုိက္မႈဟာ သူတို႔ရဲ႕ လက္ခ်က္ျဖစ္တယ္လုိ႔ IS အၾကမ္းဖက္အဖြဲ႔က ေျပာပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္ေက်ာ္တုန္းကလည္း ကဘူးလ္ၿမိဳ႕ရွိ ယဥ္ေက်းမႈစင္တာမွာ IS အၾကမ္းဖက္ အဖြဲ႔ေတြက အေသခံဗံုးခြဲ တုိက္ခုိက္ခဲ့လုိ႔ ေသဆံုးသူ ၄၀ ေက်ာ္ရွိခဲ့ၿပီး ၈၄ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကဘူးလ်မှာ အသေခံဗုံးခွဲတိုက်ခိုက်ခံမှု ၁၁ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူလ်းမြို့မှာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ညက အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ သေဆုံးသူ အနည်းဆုံး ၁၁ ဦးရှိခဲ့ပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ အာဖဂန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် ည၈ နာရီခွဲမှာ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာရ ရှိသူတွေကို ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်တုန်းကလည်း ကဘူးလ်မြို့ရှိ ယဉ်ကျေးမှုစင်တာမှာ IS အကြမ်းဖက် အဖွဲ့တွေက အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့လို့ သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး ၈၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။