ေျမာက္ကိုရီးယားကို ေရနံ ေရာင္းခ်ေပးေနတယ္ဆုိတဲ့ စြပ္စြဲခ်က္ တ႐ုတ္ျငင္း

0
158

တ႐ုတ္သေဘၤာေတြနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံကုိ ေရနံ ေရာင္းခ်တယ္ဆုိတဲ့  စြပ္စြဲခ်က္ေတြ  မွန္ကန္မႈမရွိဘူးလို႔ တ႐ုတ္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာနက ျငင္းဆိုလုိက္ပါတယ္။

ေျမာက္ကိုရီးယား ေရနံ ဝယ္ယူႏုိင္ဖို႔ တ႐ုတ္အစိုးရက အကူအညီ ေပးေနတယ္လို႔  အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ကလည္း စြပ္စြဲထားပါတယ္။

ေျမာက္ကိုရီးယားရဲ႕ တိုက္ခ်င္းပစ္ ဒံုးက်ည္ စမ္းသပ္မႈေတြကို တံု႔ျပန္မႈအျဖစ္  ေရနံဝယ္ယူခြင့္ကို တင္းက်ပ္စြာ ပိတ္ဆုိ႔ထားဖို႔ ကုလသမဂၢက ဆံုးျဖတ္ခဲ့ေပမယ့္ တ႐ုတ္ႏုိင္ငံက ေနာက္ကြယ္ကေန ကူညီမႈေတြေၾကာင့္ ပိတ္ဆို႔မႈေတြ ထိေရာက္မႈမရွိဘူးလို႔ သံုးသပ္ေနၾကပါတယ္။

တ႐ုတ္အစိုးရအေပၚ အလြန္အမင္း စိတ္ပ်က္မိတယ္လို႔ အေမရိကန္ သမၼတက ေျပာပါတယ္။ တ႐ုတ္ႏုိင္ငံဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က ကုလသမဂၢ အစည္းအေဝးမွာ အေမရိကန္ ဦးေဆာင္တင္သြင္းတဲ့ အေရးယူ ပိတ္ဆို႔ေရး အဆိုကို ေထာက္ခံထားၿပီး  ေျမာက္ကိုရီးယားကို ေရနံနဲ႔ ေလာင္စာဆီ တင္သြင္းမႈကို ၉၀ ရာခုိင္ႏႈန္းအထိ ပိတ္ဆို႔ဖို႔ ရည္ရြယ္ထားတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို ရေနံ ရောင်းချပေးနေတယ်ဆိုတဲ့ စွပ်စွဲချက် တရုတ်ငြင်း

တရုတ်သင်္ဘောတွေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ရေနံ ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မှန်ကန်မှုမရှိဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား ရေနံ ဝယ်ယူနိုင်ဖို့ တရုတ်အစိုးရက အကူအညီ ပေးနေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကလည်း စွပ်စွဲထားပါတယ်။ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှုတွေကို တုံ့ပြန်မှုအဖြစ် ရေနံဝယ်ယူခွင့်ကို တင်းကျပ်စွာ ပိတ်ဆို့ထားဖို့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့ပေမယ့် တရုတ်နိုင်ငံက နောက်ကွယ်ကနေ ကူညီမှုတွေကြောင့် ပိတ်ဆို့မှုတွေ ထိရောက်မှုမရှိဘူးလို့ သုံးသပ်နေကြပါတယ်။

တရုတ်အစိုးရအပေါ် အလွန်အမင်း စိတ်ပျက်မိတယ်လို့ အမေရိကန် သမ္မတက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ အစည်းအဝေးမှာ အမေရိကန် ဦးဆောင်တင်သွင်းတဲ့ အရေးယူ ပိတ်ဆို့ရေး အဆိုကို ထောက်ခံထားပြီး မြောက်ကိုရီးယားကို ရေနံနဲ့ လောင်စာဆီ တင်သွင်းမှုကို ၉၀ ရာခိုင်နှုန်းအထိ ပိတ်ဆို့ဖို့ ရည်ရွယ်ထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

?bph6