အၾကမ္းဖက္ သမားအားလံုးကို သုတ္သင္ဖို႔ ႐ုရွား သမၼတ အမိန္႔ေပး

0
18

ၿခိမ္းေျခာက္မႈေတြ လုပ္ေနတဲ့  အၾကမ္းဖက္သမားအားလံုးကို  သုတ္သင္ပစ္ဖို႔  ႐ုရွားသမၼတ ဗလာဒီမာ ပူတင္က   လံုၿခံဳေရးတပ္ဖြဲ႔ေတြကို အမိန္႔ေပးလုိုက္ပါတယ္။

စိန္႔ပီတာဘရက္ၿမိဳ႕ ေစ်းဝယ္စင္တာ ဗံုးခြဲမႈကို တံု႔ျပန္ဖို႔ ႐ုရွားသမၼတက အမိန္႔ေပးခဲ့တာ ျဖစ္ပါတယ္။ ႐ုရွား သမၼတ ပူတင္က အၾကမ္းဖက္သမားေတြကို ေထာင္သားအျဖစ္ ဖမ္းမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။ လူ ၁၀ ဦး ဒဏ္ရာရေစခဲ့တဲ့ ေစ်းဝယ္စင္တာ ဗံုးကြဲမႈဟာ အၾကမ္းဖက္ တုိက္ခုိက္တဲ့လုပ္ရပ္ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

လံုၿခံဳေရး ကင္မရာေတြကတဆင့္ ဗံုးခြဲတဲ့ တရားခံကို ေျခရာခံေနၿပီး အဲဒီလူဟာ ဗံုးလာေထာင္စဥ္မွာ ေက်ာပိုးအိတ္လြယ္ထားတယ္လုိ႔ ရဲေတြက ေျပာပါတယ္။ ႐ုရွားႏုိင္ငံဟာ အၾကမ္းဖက္သမားေတြရဲ႕ ပစ္မွတ္ထား တုိက္ခိုက္ခံရဖို႔ ရွိေနခ်ိန္မွာ တားဆီးႏုိင္ဖုိ႔ အေမရိကန္ႏုိင္ငံက သတင္းေပးတာေတြ ရွိခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက် သမားအားလုံးကို သုတ်သင်ဖို့ ရုရှား သမ္မတ အမိန့်ပေး

ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်သမားအားလုံးကို သုတ်သင်ပစ်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးလိုုက်ပါတယ်။

စိန့်ပီတာဘရက်မြို့ ဈေးဝယ်စင်တာ ဗုံးခွဲမှုကို တုံ့ပြန်ဖို့ ရုရှားသမ္မတက အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ ရုရှား သမ္မတ ပူတင်က အကြမ်းဖက်သမားတွေကို ထောင်သားအဖြစ် ဖမ်းမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ လူ ၁၀ ဦး ဒဏ်ရာရစေခဲ့တဲ့ ဈေးဝယ်စင်တာ ဗုံးကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ သူက ပြောပါတယ်။

လုံခြုံရေး ကင်မရာတွေကတဆင့် ဗုံးခွဲတဲ့ တရားခံကို ခြေရာခံနေပြီး အဲဒီလူဟာ ဗုံးလာထောင်စဉ်မှာ ကျောပိုးအိတ်လွယ်ထားတယ်လို့ ရဲတွေက ပြောပါတယ်။ ရုရှားနိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရဖို့ ရှိနေချိန်မှာ တားဆီးနိုင်ဖို့ အမေရိကန်နိုင်ငံက သတင်းပေးတာတွေ ရှိခဲ့ဖူးပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here