
0
179





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိုဘားမားကို အမေရိကန်ပြည်သူတွေ အနှစ်သက်ဆုံးလူသားအဖြစ် ရွေးချယ်

ကမ္ဘာပေါ်ရှိသူတွေထဲမှာ ချစ်မြတ်နိုးဆုံးသော လူအဖြစ် အမေရိကန် ပြည်သူတွေက အမေရိကန် သမ္မတဟောင်း အိုဘားမားကို ဆန္ဒမဲပေး ရွေးချယ်ခဲ့ပါတယ်။

ဂေါလပ်စ် အဖွဲ့က ပြုလုပ်တဲ့ စစ်တမ်းတစ်ရပ်အရ မစ္စတာ အိုဘားမားဟာ အမေရိကန် ပြည်သူတွေရဲ့ ချစ်မြတ်နိုးဆုံး လူသားအဖြစ် ၁၇ ရာခိုင်နှုန်း ထောက်ခံမဲရရှိခဲ့ပါတယ်။ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ထောက်ခံမဲ့ ၁၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

အဲဒီ အဖွဲ့ဟာ ၂၀၁၇ ခုနှစ်အတွက် စစ်တမ်း ၇၁ ကြိမ်လုပ်ခဲ့ရာ မစ္စတာ အိုဘားမားဟာ ချစ်မြတ်နိုးဆုံး လူသားအဖြစ် ၅၈ ကြိမ် ရရှိခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကမ္ဘာပေါ်ရှိ အမျိုးသမီးတွေထဲမှာ အမေရိကန် ပြည်သူတွေရဲ့ အ နှစ်သက်ဆုံး အမျိုးသမီးအဖြစ် ဆန္ဒမဲပေး ရွေးချယ်ခံရပြီး ထောက်ခံမဲ ၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အမေရိကန် ပြည်သူတွေရဲ့ နှစ်သက်မြတ်နိုးမှု အရှိဆုံး အမျိုးသမီးတွေထဲမှာ အိုဘားမားရဲ့ ဇနီး မီရှဲလ် အိုဘားမားက ထောက်ခံမဲ ၇ ရာခိုင်နှုန်း ရှိပါတယ်။

?bph6