၉ ႏွစ္အရြယ္ မိန္းကေလးငယ္ ေပ်ာက္ဆံုးမႈ ျပင္သစ္မွာ လူေထာင္ခ်ီ ေတာင္းဆို

0
104

ပင္သစ္ႏို္င္ငံ၊ အယ္လ္ပိုင္းၿမိဳ႕ငယ္မွာ ေပ်ာက္ဆံုးသြားတဲ့ မိန္းကေလးငယ္ကို ရွာေဖြေပးေရးအတြက္ လူေထာင္နဲ႔ခ်ီ စုေဝးၿပီး မိုးရြာေနတဲ့ လမ္းမေပၚမွာ ေတာင္းဆိုခဲ့ၾကပါတယ္။

အသက္ ၉ ႏွစ္အရြယ္ မယ္လီ ဒီ အာ႐ူဂ်ိဳဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၇ ရက္ေန႔ မဂၤလာေဆာင္ပြဲ အၿပီး ညမွာ ေပ်ာက္ဆံုးသြားခဲ့တာ ျဖစ္ပါတယ္။ ပါတီ က်င္းပေနတဲ့ မနက္ ၃ နာရီအခ်ိန္အထိ အျဖဴေရာင္ဝတ္စံု ဝတ္ဆင္ထားတဲ့ အာ႐ူဂ်ိဳကို ေနာက္ဆံုး ျမင္ေတြ႔ခဲ့ၾကတာ ျဖစ္ပါတယ္။

သူ႔ရဲ႕ မိဘေတြကေတာ့ ေပ်ာက္ဆံုးမႈနဲ႔ ပတ္သက္ၿပီး တရားခံကို ေဖာ္ထုတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ မဂၤလာပြဲကို တက္ေရာက္တဲ့ အသက္ ၃၄ ႏွစ္အရြယ္ ေနာ္ဒါလ္ လီလန္ဒီယက္စ္ကို ရဲက သံသယရွိေနၿပီး အာ႐ူဂ်ိဳကို ျပန္ေပးဆြဲ သတ္ျဖတ္မႈ ရွိမရွိ စစ္ေဆးေနေပမယ့္ လီလန္ဒီယက္စ္ကေတာ့ ျငင္းဆိုထားပါတယ္။

စစ္ေခြး ေလ့က်င့္သင္ၾကားသူ ဆရာေဟာင္း လီလန္ဒီယက္စ္ဟာ ၿပီးခဲ့တဲ့ ဧၿပီလက ခ်မ္ဘာေလ အနီး ေပ်ာက္ဆံုးသြားတဲ့ စစ္သားတစ္ေယာက္ အမႈမွာလည္း သံသယရွိသူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၉ နှစ်အရွယ် မိန်းကလေးငယ် ပျောက်ဆုံးမှု ပြင်သစ်မှာ လူထောင်ချီ တောင်းဆို

ပြင်သစ်နိ်ုင်ငံ၊ အယ်လ်ပိုင်းမြို့ငယ်မှာ ပျောက်ဆုံးသွားတဲ့ မိန်းကလေးငယ်ကို ရှာဖွေပေးရေးအတွက် လူထောင်နဲ့ချီ စုဝေးပြီး မိုးရွာနေတဲ့ လမ်းမပေါ်မှာ တောင်းဆိုခဲ့ကြပါတယ်။

အသက် ၉ နှစ်အရွယ် မယ်လီ ဒီ အာရူဂျိုဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ မင်္ဂလာဆောင်ပွဲ အပြီး ညမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပါတီ ကျင်းပနေတဲ့ မနက် ၃ နာရီအချိန်အထိ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အာရူဂျိုကို နောက်ဆုံး မြင်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

သူ့ရဲ့ မိဘတွေကတော့ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံကို ဖော်ထုတ်ပေးဖို့ တောင်းဆိုထားပါတယ်။ မင်္ဂလာပွဲကို တက်ရောက်တဲ့ အသက် ၃၄ နှစ်အရွယ် နော်ဒါလ် လီလန်ဒီယက်စ်ကို ရဲက သံသယရှိနေပြီး အာရူဂျိုကို ပြန်ပေးဆွဲ သတ်ဖြတ်မှု ရှိမရှိ စစ်ဆေးနေပေမယ့် လီလန်ဒီယက်စ်ကတော့ ငြင်းဆိုထားပါတယ်။

စစ်ခွေး လေ့ကျင့်သင်ကြားသူ ဆရာဟောင်း လီလန်ဒီယက်စ်ဟာ ပြီးခဲ့တဲ့ ဧပြီလက ချမ်ဘာလေ အနီး ပျောက်ဆုံးသွားတဲ့ စစ်သားတစ်ယောက် အမှုမှာလည်း သံသယရှိသူ ဖြစ်ပါတယ်။

?bph6