
0
20




ပါလက်စတိုင်း ဆန္ဒပြသူတွေ ဟာ ကျောက်တုံးတွေနဲ့ ပစ်ခတ်မှုအပြင် ဓါးနဲ့ ပါတိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆန္ဒပြမှုတွေ အတွင်း ပါလက်စတိုင်း ၄ ဦးသေဆုံးပြီး ၁၅၀ ဒဏ်ရာရခဲ့

အစ္စရေး တပ်ဖွဲ့ ဝင်တွေ ရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၄ ဦးသေဆုံးသွား ခဲ့ပြီး ၁၅၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဆေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ဂျေရုဆလင်မြို့ကို အစ္စရေးတို့ရဲ့ မြို့တော်အဖြစ် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အသိမှတ်ပြုခဲ့မှုအပေါ် မကျေနပ်တာကြောင့် ပါလက်စတိုင်းတို့ ဟာ ဒုတိယသီတင်းပတ်မြောက် ဆန္ဒပြချိန်မှာ အစ္စရေး တပ်ဖွဲ့ဝင်တွေ နဲ့ ထိပ်တိုက်တွေဆုံခဲ့တာဖြစ်ပါတယ်။

ထိခိုက်ပျက်စီးမှုတွေ ဟာ ဂါဇာကမ်းမြောင်ဒေသမှာအများဆုံးဖြစ်ခဲ့ပြီး ပါလက်စတိုင်း လူမျိုးထောင်ချီ ဟာ စုရုံးကာ ဆန္ဒပြမှုနဲ့ အတူ အစ္စရေး စစ်သားတွေကို ကျောက်တုံးတွေ နဲ့ ပစ်ပေါက်ခဲ့လို့ အစ္စရေးတပ်ဖွဲ့တွေက တုံပြန်ခဲ့တာဖြစ်ပါတယ်၊ ဒါအပြင်အနောက်ဘက်ကမ်းခြေ မှာလည်း ပါလက်စတိုင်း တို့ ဆန္ဒပြခဲ့ရာ ပစ်ခတ်မှုတွေကြောင့် နှစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာခဲ့တယ်လို့ ဆေး အဖွဲ့ ကပြောပါတယ်။

ပါလက်စတိုင်း ဆန္ဒပြသူတွေ ဟာ ကျောက်တုံးတွေနဲ့ ပစ်ခတ်မှုအပြင် ဓါးနဲ့ ပါတိုုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here