


…………………. ။ ။ ………………….

IS အကြမ်းဖက်အဖွဲ့ လက်ထဲက ဆီးရီယား လွတ်မြောက်ပြီလို့ ရုရှားပြော

ဆီးရီးယားနိုင်ငံဟာ IS အစွန်းရောက် အကြမ်းဖက် အဖွဲ့ လက်ထဲက လွတ်မြောက်သွားပြီလို့ ရုရှား စစ်ဘက်ဆိုင်ရာ အကြီးကအဲ ဗာလီရီ ဂီရာဆီမောဗ့်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ ၆ နှစ်ကြာ စစ်ပွဲတွေဖြစ်ခဲ့ပြီးနောက် IS အကြမ်းဖက်အဖွဲ့ လက်အောက်ကနေ ဆီးရီယား လွတ်မြောက်သွားခဲ့တယ်လို့ ရုရှားက ပြောခဲ့တာဖြစ်ပါတယ်။ အစွန်းရောက်အဖွဲ့တွေဟာ ဆီးရီယားနိုင်ငံမှာ ရှုံးနိမ့်ခဲ့ပြီး အစွန်းရောက်တွေ ထိန်းချုပ်တဲ့ ခြေကုပ်နေရာတွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး ဂီရာဆီမောဗ့်က ပြောပါတယ်။

ဆီးရီယားနိုင်ငံမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေဟာ အောင်မြင်မှုတွေ ရခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆီးရီယားနိုင်ငံကို နိုင်ငံရေး တည်ငြိမ်မှုရှိအောင် လုပ်ဆောင်သွားရမယ်လို့ ရုရှား ဗိုလ်ချုပ်ကြီးက ပြောပါတယ်။ ရုရှားနိုင်ငံဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ဆီးရီယား ပြည်တွင်းစစ်အတွင်း ပါဝင်ခဲ့ပြီး အစွန်းရောက် တပ်ဖွဲ့တွေကို တိုက်ခိုက်ပေးခဲ့ပါတယ်

adv_banner