


………………… ။ ။ ………………….

အမှုအနိုင်ရပြီး နစ်နာကြေး သန်းချီရမယ့် ကေတီ ပယ်ရီ

ကမ္ဘာကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ကေတီ ပယ်ရီဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်က သီလရှင်ကျောင်းဝင်းကို ဝယ်ယူမှုနဲ့ ပတ်သက်လို့ ကာလအတန်ကြာ အမှုရင်ဆိုင်နေခဲ့ရာက အခု အမှုအနိုင်ရသွားပြီး နစ်နာကြေး အမေရိကန်ဒေါ်လာ ၅ သန်း ရရှိမှာ ဖြစ်ပါတယ်။

ကေတီပယ်ရီဟာ စီးပွားရေးလုပ်ငန်းရှင် ဒါနာ ဟိုလစ်စတာနဲ့ အမူဖြစ်ခဲ့ပြီး သီလရှင်ကျောင်းဝင်းကို ဝယ်ယူမှုနဲ့ ပတ်သက်လို့ လိမ်ညာမှုတွေ ရှိခဲ့တာကြောင့် တရားစွဲခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်က သီလရှင်ကျောင်းဝင်းကို ကေတီ ပယ်ရီပိုင် ဟိုတယ် အဆောက်အဦးထဲ ထည့်သွင်းဖို့ ကြိုးပမ်းနေခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ကေတီပယ်ရီဟာ သီလရှင်ကျောင်းဝင်းထဲမှာ နေထိုင်တဲ့ မိခင်နဲ့ အဘွားဖြစ်သူအတွက် ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အမှုအနိုင်ရခဲ့တာ ဖြစ်ပါတယ်။

adv_banner