



……………….. ။ ။ …………………

နော်သမ်ပတမ်ရှိုင်းယားမှာ ပျောက်ဆုံးနေတဲ့ ဗီယက်နမ် ဆယ်ကျော်သက်တွေကို ရှာဖွေနေ

ဗြိတိန်နိုင်ငံ၊ နော်သမ်ပတမ်ရှိုင်းယားမှာ ပျောက်ဆုံးနေတဲ့ ဗီယက်နမ် ဆယ်ကျောက်သက် ၁၃ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေကြပြီး လူကျွန်ပြုတဲ့ ဂိုဏ်းတွေလက်ထဲ ရောက်သွားမှာ စိုးရိမ်နေကြပါတယ်။

ဗြိတိန်ကို ဇွန်နဲ့ စက်တင်ဘာလတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြားရှိ ဆယ်ကျော်သက်တွေကို နော်သမ်ပတမ်ရှိုင်းယားရှိ ထိန်းသိမ်းရေးဂေဟာမှာ ထားရှိစဉ် တစ်သုတ်ပြီး တစ်သုတ် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

ပျောက်ဆုံးသူ တွေဟာ အသက် ၁၄ နဲ့ ၁၈ ကြား အမျိုးသား နဲ့ အမျိုးသမီး လူငယ်တွေ ဖြစ်ကြပြီး ပြီးခဲ့တဲ့ ဇွန် နဲ့ စက်တင်လာလတွေမှာ နော်သမ်တမ်ရှိုင်းယား ထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြ တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွေကနေ ပျောက်ဆုံးနေတဲ့ ဗီယက်နမ် ကလေး ငယ် ၁၅၀ ကျော် ရှိခဲ့ပါတယ်။ ကလေးငယ်တွေဟာ လူကုန်ကူးသူတွေလက်ထဲ ရောက်သွားမှာကို စိုးရိမ်နေရပြီး ပြီးခဲ့တဲ့ လကလည်း လူကုန်ကူးသူတွေဆီကနေ ဗီယက်နမ် ကလေးငယ်တွေကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ရပါသေးတယ်။

adv_banner