ခ်န္ပီယံလိဂ္ အုပ္စုအတြင္း ပြဲစဥ္အားလံုးမွာ ဂိုးသြင္းစံခ်ိန္တင္တဲ့ စီေရာ္နယ္ဒို

ရီးရဲမက္ဒရစ္ တုိက္စစ္မႉး စီေရာ္နယ္ဒိုဟာ ဒီဇင္ဘာ ၆ ရက္ေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ စံခ်ိန္သစ္တစ္ခု ထပ္မံ တင္ႏုိင္ခဲ့ပါတယ္။

ေဒါ့မြန္ကို အႏိုင္ရတဲ့ပြဲမွာ စီေရာ္နယ္ဒိုဟာ ဂိုးသြင္းယူႏုိင္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စုၿပိဳင္ပြဲ ပြဲစဥ္ ၆ ပြဲစလံုးမွာ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆံုး ကစားသမား ျဖစ္လာခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ေနာက္ခံလူ ကုိဗာဆစ္ ေပးပို႔တဲ့ ေဘာလံုးကို ကိုက္ ၂၀ အကြာကေနၿပီး ေဒါ့မြန္ဘက္ကို ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ အုပ္စုပြဲ ၆ ပြဲစလံုးမွာ ဂိုးသြင္းယူႏုိင္တဲ့ ကစားသမား မရွိခဲ့ဘဲ ပီအက္စ္ဂ်ီ တုိက္စစ္မႉး ေနမာဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ၅ ပြဲစလံုးကို ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ ဘုိင္ယန္ျမဴးနစ္ကို ႐ံႈးနိမ့္တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဂိုးမသြင္းႏုိင္ခဲ့တာေၾကာင့္ အုပ္စုအတြင္း ၆ ပြဲစလံုး ဂိုးသြင္းယူတဲ့ ကစားသမားအျဖစ္ မွတ္တမ္း မဝင္ခဲ့တာ ျဖစ္ပါတယ္။
…………………… ။ ။ ………………..

ချန်ပီယံလိဂ် အုပ်စုအတွင်း ပွဲစဉ်အားလုံးမှာ ဂိုးသွင်းစံချိန်တင်တဲ့ စီရော်နယ်ဒို

ရီးရဲမက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဒီဇင်ဘာ ၆ ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တစ်ခု ထပ်မံ တင်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်ကို အနိုင်ရတဲ့ပွဲမှာ စီရော်နယ်ဒိုဟာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲ ပွဲစဉ် ၆ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ နောက်ခံလူ ကိုဗာဆစ် ပေးပို့တဲ့ ဘောလုံးကို ကိုက် ၂၀ အကွာကနေပြီး ဒေါ့မွန်ဘက်ကို ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုပွဲ ၆ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမား မရှိခဲ့ဘဲ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ချန်ပီယံလိဂ် အုပ်စုပွဲ ၅ ပွဲစလုံးကို ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အုပ်စုအတွင်း ၆ ပွဲစလုံး ဂိုးသွင်းယူတဲ့ ကစားသမားအဖြစ် မှတ်တမ်း မဝင်ခဲ့တာ ဖြစ်ပါတယ်။

adv_banner