ဘာကာယိုကို ဟာ အမွားေတြကေန ေလ့လာသင္ယူရမယ္လုိ႔ နည္းျပကြန္တီေျပာ

ခ်ဲလ္ဆီးနည္းျပ ကြန္တီက ကြင္းလယ္လူ ဘာကာယိုကိုဟာ အမွားေတြကေန သင္ခန္းစာယူရမယ္လို႔ ေျပာလိုက္ပါတယ္။

အက္သလက္တီကို အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတုိ႔ ဒီဇင္ဘာ ၅ ရက္ေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘာကာကုိယိုရဲ႕ အမွားကတဆင့္ ဂိုးေပးလုိက္ရၿပီးေနာက္ နည္းျပကြန္တီက အခုလို ေျပာလုိက္တာ ျဖစ္ပါတယ္။ နည္းျပကြန္တီက ဘာကာယိုကုိဟာ အသက္ငယ္ရြယ္ေသးၿပီး ေျခစြမ္းတုိးတက္ေအာင္ လုပ္ေဆာင္သူ ျဖစ္ေပမယ့္ အမွားေတြကို သိရွိဖို႔ လိုတယ္လို႔ ေျပာပါတယ္။

ဘာကာယိုကိုအေနနဲ႔ သည္းခံမႈ ရွိရမွာျဖစ္ၿပီး ေျခစြမ္းေကာင္းမြန္ေအာင္ ဆက္လက္ ႀကိဳးစားသြားရမယ္လို႔ နည္းျပကြန္တီက ေျပာပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အက္သလက္တီကို အသင္းနဲ႔ သေရက်ခဲ့လို႔ အုပ္စုအတြင္းမွာ ဒုတိယေနရာနဲ႔ ေက်နပ္လုိက္ရပါတယ္။
……………….. ။ ။ ………………..

ဘာကာယိုကို ဟာ အမှားတွေကနေ လေ့လာသင်ယူရမယ်လို့ နည်းပြကွန်တီပြော

ချဲလ်ဆီးနည်းပြ ကွန်တီက ကွင်းလယ်လူ ဘာကာယိုကိုဟာ အမှားတွေကနေ သင်ခန်းစာယူရမယ်လို့ ပြောလိုက်ပါတယ်။

အက်သလက်တီကို အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ဒီဇင်ဘာ ၅ ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာကာကိုယိုရဲ့ အမှားကတဆင့် ဂိုးပေးလိုက်ရပြီးနောက် နည်းပြကွန်တီက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ နည်းပြကွန်တီက ဘာကာယိုကိုဟာ အသက်ငယ်ရွယ်သေးပြီး ခြေစွမ်းတိုးတက်အောင် လုပ်ဆောင်သူ ဖြစ်ပေမယ့် အမှားတွေကို သိရှိဖို့ လိုတယ်လို့ ပြောပါတယ်။

ဘာကာယိုကိုအနေနဲ့ သည်းခံမှု ရှိရမှာဖြစ်ပြီး ခြေစွမ်းကောင်းမွန်အောင် ဆက်လက် ကြိုးစားသွားရမယ်လို့ နည်းပြကွန်တီက ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို အသင်းနဲ့ သရေကျခဲ့လို့ အုပ်စုအတွင်းမှာ ဒုတိယနေရာနဲ့ ကျေနပ်လိုက်ရပါတယ်။

adv_banner