ဂိုးသမား ေကာ္တြိဳက္စ္နဲ႔ ဟာဇက္ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔  ဘုတ္အဖြဲ႔ကုိ နည္းျပ ကြန္တီ သတိေပး

ခ်ဲလ္ဆီးနည္းျပ ကြန္တီက  အသင္း ဘုတ္အဖြဲ႔အေနနဲ႔  ကြင္းလယ္လူ ဟာဇက္နဲ႔ ဂိုးသမား ေကာ္တြိဳက္စ္တုိ႔ကို        ကမာၻ႔ဖလားၿပိဳင္ပြဲ မတုိင္ခင္ စာခ်ဳပ္ အသစ္ခ်ဳပ္ဆုိဖုိ႔  သတိေပးလုိက္ပါတယ္။  

ဘယ္လ္ဂ်ီယံလက္ေရြးစင္ ႏွစ္ဦးစလံုးဟာ လာမယ့္ရာသီမွာ အဂၤလန္ လက္ေရြးစင္ အသင္းနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီ ၿပိဳင္ပြဲမွာ ပိုမုိထင္ရွားလာႏုိင္တယ္လို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။

ေကာ္တြိဳက္စ္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေနၿပီး  စာခ်ဳပ္သက္တမ္း ကုန္ဆံုးမယ့္ ၂၀၁၉ ခုႏွစ္မွာ အသင္းက အလြတ္ ထြက္ခြင့္ေပးဖြယ္ရွိတယ္လို႔  သတင္းေတြ ထြက္ေနပါတယ္။  

အသင္းရဲ႕ အဓိက ကစားသမား ႏွစ္ဦးစလံုးကို စာခ်ဳပ္သစ္ လက္မွတ္ေရးထိုးဖုိ႔ ေဆြးေႏြးသင့္ေနၿပီး ဂိုးသမား ေကာ္တြိဳက္စ္ဟာ ကမာ႔ၻအေကာင္းဆံုး ဂိုးသမားတစ္ဦး ျဖစ္သလို ဟာဇက္ကလည္း အသင္းရဲ႕ အားထားရသူတစ္ဦး ျဖစ္တယ္လို႔ နည္းျပကြန္တီက ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂိုးသမား ကော်တွိုက်စ်နဲ့ ဟာဇက်ကို စာချုပ်သစ်ချုပ်ဖို့ ဘုတ်အဖွဲ့ကို နည်းပြ ကွန်တီ သတိပေး

ချဲလ်ဆီးနည်းပြ ကွန်တီက အသင်း ဘုတ်အဖွဲ့အနေနဲ့ ကွင်းလယ်လူ ဟာဇက်နဲ့ ဂိုးသမား ကော်တွိုက်စ်တို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် စာချုပ် အသစ်ချုပ်ဆိုဖို့ သတိပေးလိုက်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် နှစ်ဦးစလုံးဟာ လာမယ့်ရာသီမှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီ ပြိုင်ပွဲမှာ ပိုမိုထင်ရှားလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ကော်တွိုက်စ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေပြီး စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၁၉ ခုနှစ်မှာ အသင်းက အလွတ် ထွက်ခွင့်ပေးဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးစလုံးကို စာချုပ်သစ် လက်မှတ်ရေးထိုးဖို့ ဆွေးနွေးသင့်နေပြီး ဂိုးသမား ကော်တွိုက်စ်ဟာ ကမာ့္ဘအကောင်းဆုံး ဂိုးသမားတစ်ဦး ဖြစ်သလို ဟာဇက်ကလည်း အသင်းရဲ့ အားထားရသူတစ်ဦး ဖြစ်တယ်လို့ နည်းပြကွန်တီက ပြောခဲ့ပါတယ်။

adv_banner