



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပရီးမီယားလိဂ် ပွဲစဉ်ရေးဆွဲမှုအပေါ် နည်းပြကွန်တီဝေဖန်

ချဲလ်ဆီးနည်းပြကွန်တီဟာ ချဲလ်ဆီးအသင်း နဲ့ ကစားရမယ့် ပရီးမိယားလိဂ် ပွဲစဉ် ဇယားရေးဆွဲထားမှုအပေါ် ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ချဲလ်ဆီးနည်းပြဟာ သူရဲ့အသင်းနဲ့ ပြိုင်ဘက် အသင်းတွေ ကစားချိန်မှာ သူရဲ့အသင်းအပေါ် အနားယူချိန်နည်းအောင် ပွဲစဉ်ရေးဆွဲထားမှုတွေကို ပြစ်တင်မှုတွေ အရင်ကလည်း လုပ်ခဲ့ဖူးပါတယ်။ အခုရာသီအတွင်း ချဲလ်ဆီးအသင်းဟာ အနားယူမှု အပြည့်အဝမရှိဘဲ ၄ ကြိမ်မြောက် ကစားခဲ့ တယ် လို့ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေ ကစားပြီး ပြန်လာချိန်မှာ အနားယူချိန် သိပ်မရဘဲ နယူးကာဆယ်၊ ဝက်စ်ဖို့ဒ်၊ မန်စီးတီး၊ လီဗာပူအသင်းတို့နဲ့ ကစားခဲ့ရမှုအပေါ် နည်းပြ ကွန်တီက ရည်ညွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြက ကစားသမားတွေဟာ အနားယူချိန် သိပ်မရဘဲ ပွဲကို ကစားခဲ့ရလို့ ခက်ခဲမှုတွေဖြစ်မှာကို စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

adv_banner