
0
255




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန် ၅ ဒသမ ၄ သန်းကို ကိုယ်စားပြုပြီး ဂူဂယ်ကို တရားစွဲ

ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဥပဒေမဲ့ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်္ဂလန်နဲ့ ဝေလနယ်ရှိ လူ ၅ ဒသမ ၄ သန်း ကိုယ်စား တရားစွဲဆိုမှုကို ဂူဂယ် ရင်ဆိုင်နေရပါတယ်။

‘ကျွန်ုပ်တို့အပေါ် ဂူဂယ် အကြွေးရှိ’ (Google You Owe Us) ဆိုတဲ့ လှုပ်ရှားမှု အဖွဲ့က ၂၀၁၁ ဇွန်လနဲ့ ၂၀၁၂ ဖေဖော်ဝါရီလအကြားမှာ အိုင်ဖုန်း သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဂူဂယ်က တရားမဝင် ရယူခဲ့တယ်လို့ စွပ်စွဲပြီး တရားစွဲတာ ဖြစ်ပါတယ်။

ဂူဂယ်ဟာ ဆာဖာရီ ဘရောက်ဇာမှာ cooke တွေထည့်ပြီး သုံးစွဲသူတွေကို ခြေရာခံခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ တကယ်လို့သာ တရားစွဲမှု နိုင်ခဲ့ရင် တစ်ဦးကို ပေါင် ၂၀ဝ ကျော် လျော်ကြေးအဖြစ် ရရှိနိုင်ပါတယ်။

?bph6