အယာတုိလာခါေမနီဟာ ဟစ္တလာ လက္သစ္လုိ႔ ေဆာ္ဒီ မင္းသား ေျပာ

0
376

ေဆာ္ဒီအာေရဗ် အိမ္ေရွ႕မင္းသား  မိုဟာမက္ ဘင္ ဆယ္လ္မန္က  အီရန္ႏုိင္ငံရဲ႕ ဘာသာေရးေခါင္းေဆာင္ အယာတုိလာ အလီ ခါေမနီဟာ  ဟစ္တလာ လက္သစ္တစ္ဦး ျဖစ္တယ္လို႔ ေဝဖန္လုိက္ပါတယ္။

ေဆာ္ဒီအာေရဗ် အိမ္ေရွ႕မင္းသားဟာ အေရွ႕အလယ္ပိုင္းအေရးနဲ႔ ပတ္သက္လုိ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ အခုလို ေျပာလုိက္တာပါ။ အီရန္နဲ႔ ေဆာ္ဒီအာေရဗ်တုိ႔ဟာ အာရပ္ႏုိင္ငံေတြထဲမွာ ေခါင္းေဆာင္ႏုိင္ငံေတြျဖစ္ၿပီး ေဆာ္ဒီအာေရဗ်က ဆြန္နီ လူမ်ိဳးေတြကို ဦးေဆာင္ေနၿပီး အီရန္က ရွီယိုက္လူမ်ိဳးေတြကို ဦးေဆာင္ေနပါတယ္။

ေဒသအတြင္းမွာ ႏုိင္ငံေရးအရလည္း ထိပ္တုိက္ေတြဆံုမႈေတြ ရွိေနပါတယ္။  အီရန္ႏုိင္ငံဟာ နယ္ပယ္ ၾသဇာခ်ဲ႔ထြင္ ေဆာင္ရြက္မႈေတြ ရွိေနတယ္လုိ႔လည္း ေဆာ္ဒီအာေရဗ် ကာကြယ္ေရးဝန္ႀကီး တာဝန္ယူထားတဲ့ မင္းသား ဆယ္လ္မန္က ေျပာပါတယ္။ ေဆာ္ဒီအာေရဗ်အေနနဲ႔ အီရန္ႏုိင္ငံမွာ ဟစ္တလာ လက္သစ္ေတြ ထပ္မံရွိေနတာကို မလုိလားဘူးလို႔ မင္းသား ဆယ္လ္မန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အယာတိုလာခါမေနီဟာ ဟစ်တလာ လက်သစ်လို့ ဆော်ဒီ မင်းသား ပြော

ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီဟာ ဟစ်တလာ လက်သစ်တစ်ဦး ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားဟာ အရှေ့အလယ်ပိုင်းအရေးနဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အခုလို ပြောလိုက်တာပါ။ အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ အာရပ်နိုင်ငံတွေထဲမှာ ခေါင်းဆောင်နိုင်ငံတွေဖြစ်ပြီး ဆော်ဒီအာရေဗျက ဆွန်နီ လူမျိုးတွေကို ဦးဆောင်နေပြီး အီရန်က ရှီယိုက်လူမျိုးတွေကို ဦးဆောင်နေပါတယ်။

ဒေသအတွင်းမှာ နိုင်ငံရေးအရလည်း ထိပ်တိုက်တွေဆုံမှုတွေ ရှိနေပါတယ်။ အီရန်နိုင်ငံဟာ နယ်ပယ် သြဇာချဲ့ထွင် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း ဆော်ဒီအာရေဗျ ကာကွယ်ရေးဝန်ကြီး တာဝန်ယူထားတဲ့ မင်းသား ဆယ်လ်မန်က ပြောပါတယ်။ ဆော်ဒီအာရေဗျအနေနဲ့ အီရန်နိုင်ငံမှာ ဟစ်တလာ လက်သစ်တွေ ထပ်မံရှိနေတာကို မလိုလားဘူးလို့ မင်းသား ဆယ်လ်မန်က ပြောပါတယ်။