ဂ်ပန္ရွိ အေမရိကန္ စစ္သည္ ၅ ေသာင္းကို အရက္ေသာက္ခြင့္ ပိတ္

0
267

ဂ်ပန္ အရပ္သားတစ္ေယာက္ ကားတိုက္မႈနဲ႔ ေသဆံုးၿပီးေနာက္ အိုကီနာဝါ စစ္အျခစိုက္ စခန္းအပါအဝင္ ဂ်ပန္တလႊားရွိ အေမရိကန္ စစ္သည္ ၅ ေသာင္းခန္႔ကို အရက္ဝယ္ယူခြင့္၊ ေသာက္သံုးခြင့္ ပိတ္ပင္လိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ အေမရိကန္ မရိန္းတပ္သား တစ္ဦးဟာ အိုကီနာဝါ ကြ်န္းမွာ မေန႔က ႏိုဝင္ဘာ ၁၉ ရက္ေန႔က အရက္မူးၿပီး ကားေမာင္လာရာက အသက္ ၆၁ ႏွစ္အရြယ္ ဂ်ပန္အရပ္သားတစ္ဦး ေမာင္းလာတဲ့ကားကို တိုက္မိၿပီး အရပ္သား ေသဆံုးခဲ့ပါတယ္။

နီကိုလပ္စ္ ဂ်ိမ္းစ္ မက္ခ္လိန္းရဲ႕ ႏွစ္တန္ အေလးခ်ိန္ရွိတဲ့ စစ္သံုးထရပ္ကားဟာ ဟီေဒမာဆာ တာအီရာ ေမာင္းလာတဲ့ ကားကို ဝင္တိုက္မိတာ ျဖစ္ပါတယ္။ ေဆးစစ္ခ်က္အရ အေမရိကန္ မရိန္းတပ္သားဟာ ေသြးထဲမွာ ခြင့္ျပဳထားတဲ့ အယ္လ္ကိုေဟာ အတိုင္းအတာထက္ သံုးဆ ပိုမ်ားေနတာ ေတြ႔ခဲ့ရပါတယ္။

အရက္ဝယ္ခြင့္၊ ေသာက္ခြင့္ ပိတ္ပင္မႈဟာ ဒီေန႔ ႏိုဝင္ဘာ ၂၀ ရက္ေန႔ကစၿပီး အသက္ဝင္ပါတယ္။ အိုကီနာဝါကြ်န္းမွာ အေမရိကန္ စစ္သည္ ၂ ေသာင္းခြဲ ရွိပါတယ္။ စစ္အေျခစိုက္ စခန္းမွာေရာ ေနအိမ္ေတြမွာပါ ေလာေလာဆယ္ ပိတ္ပင္ထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်ရှိ အမေရိကန် စစ်သည် ၅ သောင်းကို အရက်သောက်ခွင့် ပိတ်

ဂျပန် အရပ်သားတစ်ယောက် ကားတိုက်မှုနဲ့ သေဆုံးပြီးနောက် အိုကီနာဝါ စစ်အခြစိုက် စခန်းအပါအဝင် ဂျပန်တလွှားရှိ အမေရိကန် စစ်သည် ၅ သောင်းခန့်ကို အရက်ဝယ်ယူခွင့်၊ သောက်သုံးခွင့် ပိတ်ပင်လိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အမေရိကန် မရိန်းတပ်သား တစ်ဦးဟာ အိုကီနာဝါ ကျွန်းမှာ မနေ့က နိုဝင်ဘာ ၁၉ ရက်နေ့က အရက်မူးပြီး ကားမောင်လာရာက အသက် ၆၁ နှစ်အရွယ် ဂျပန်အရပ်သားတစ်ဦး မောင်းလာတဲ့ကားကို တိုက်မိပြီး အရပ်သား သေဆုံးခဲ့ပါတယ်။

နီကိုလပ်စ် ဂျိမ်းစ် မက်ခ်လိန်းရဲ့ နှစ်တန် အလေးချိန်ရှိတဲ့ စစ်သုံးထရပ်ကားဟာ ဟီဒေမာဆာ တာအီရာ မောင်းလာတဲ့ ကားကို ဝင်တိုက်မိတာ ဖြစ်ပါတယ်။ ဆေးစစ်ချက်အရ အမေရိကန် မရိန်းတပ်သားဟာ သွေးထဲမှာ ခွင့်ပြုထားတဲ့ အယ်လ်ကိုဟော အတိုင်းအတာထက် သုံးဆ ပိုများနေတာ တွေ့ခဲ့ရပါတယ်။

အရက်ဝယ်ခွင့်၊ သောက်ခွင့် ပိတ်ပင်မှုဟာ ဒီနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး အသက်ဝင်ပါတယ်။ အိုကီနာဝါကျွန်းမှာ အမေရိကန် စစ်သည် ၂ သောင်းခွဲ ရှိပါတယ်။ စစ်အခြေစိုက် စခန်းမှာရော နေအိမ်တွေမှာပါ လောလောဆယ် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။