မာလီကို တပ္ဖြဲ႔ဝင္ေတြ ေစလႊတ္မွာ မဟုတ္ဘူးလို႔ ကေနဒါ ေျပာ

0
259

ကေနဒါ ႏိုင္ငံဟာ မာလီႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းေရးေဆာင္ရြက္မႈ လုပ္ငန္းေတြ လုပ္ေနတဲ့   ကုလသမဂၢ အဖြဲ႔ေတြဆီ တပ္ဖြဲ႔ဝင္ေတြ ေစလႊတ္ေတာ့မွာ မဟုတ္ဘူးလို႔  အစိုးရတာဝန္ရွိသူေတြက ေျပာပါတယ္။

ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ ထ႐ူးဒိုးက  မာလီႏုိင္ငံမွာ ကုလသမဂၢရဲ႕ ၿငိမ္းခ်မ္းေရးေဆာင္ရြက္မႈ လုပ္ငန္းေတြ အတြက္ တပ္ဖြဲ႔ဝင္ ၆၀၀ ေစလႊတ္ေပးမယ္လုိ႔ ကတိျပဳခဲ့ဖူးပါတယ္။

ကုလသမဂၢ ၿငိမ္းခ်မ္းေရးအဖြဲ႔ေတြဟာ မာလီ ႏုိင္ငံမွာ အစၥလာမ္မစ္ စစ္ေသြးၾကြေတြနဲ႔ တုိက္ခိုက္ေနခ်ိန္မွာ ကေနဒါရဲ႕ ဆံုးျဖတ္မႈဟာ တျခား မဟာမိတ္ႏုိင္ငံေတြအေပၚ သက္ေရာက္မႈေတြ ရွိေစႏုိင္ပါတယ္။

ကေနဒါဟာ မာလီႏိုင္ငံကို ေရာက္ရွိခ်ိန္မွာ သူတုိ႔ရဲ႕ စစ္သားေတြ တစ္ကြဲတစ္ျပားျဖစ္မွာကို စိုးရိမ္မႈေတြ ရွိေနခဲ့တာေၾကာင့္ ေစလႊတ္ဖုိ႔ ရပ္တန္႔လိုက္တာျဖစ္ၿပီး တျခားေလေၾကာင္း ဆိုင္ရာ အကူညီေတြသာ ေပးသြားမယ္လို႔ ကမ္းလွမ္းခဲ့ပါတယ္။

ကေနဒါ ႏုိင္ငံကသာ မာလီႏုိင္ငံဆီ တပ္ဖြဲ႔ဝင္ေတြနဲ႔ တျခားလိုအပ္တဲ့ ပစၥည္းေတြ ကူညီေပးမႈ မရွိဘူးဆိုရင္ ေဒသအတြင္းမွာ တျခား တပ္ဖြဲ႔ေတြလည္း ျဖန္႔ၾကက္ခ်ထားႏုိင္ဖုိ႔ အလားအလာ နည္းေစမယ္လို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မာလီကို တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ကနေဒါ ပြော

ကနေဒါ နိုင်ငံဟာ မာလီနိုင်ငံမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးဆောင်ရွက်မှု လုပ်ငန်းတွေ လုပ်နေတဲ့ ကုလသမဂ္ဂ အဖွဲ့တွေဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်တော့မှာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက မာလီနိုင်ငံမှာ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းတွေ အတွက် တပ်ဖွဲ့ဝင် ၆၀ဝ စေလွှတ်ပေးမယ်လို့ ကတိပြုခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးအဖွဲ့တွေဟာ မာလီ နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်နေချိန်မှာ ကနေဒါရဲ့ ဆုံးဖြတ်မှုဟာ တခြား မဟာမိတ်နိုင်ငံတွေအပေါ် သက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။

ကနေဒါဟာ မာလီနိုင်ငံကို ရောက်ရှိချိန်မှာ သူတို့ရဲ့ စစ်သားတွေ တစ်ကွဲတစ်ပြားဖြစ်မှာကို စိုးရိမ်မှုတွေ ရှိနေခဲ့တာကြောင့် စေလွှတ်ဖို့ ရပ်တန့်လိုက်တာဖြစ်ပြီး တခြားလေကြောင်း ဆိုင်ရာ အကူညီတွေသာ ပေးသွားမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ကနေဒါ နိုင်ငံကသာ မာလီနိုင်ငံဆီ တပ်ဖွဲ့ဝင်တွေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေ ကူညီပေးမှု မရှိဘူးဆိုရင် ဒေသအတွင်းမှာ တခြား တပ်ဖွဲ့တွေလည်း ဖြန့်ကြက်ချထားနိုင်ဖို့ အလားအလာ နည်းစေမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။