



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဏာသိမ်းပြီးနောက် ဇင်ဘာဘွေ သမ္မတနဲ့ သမ္မတကတော် ထိန်းသိမ်းခံရ
ဇင်ဘာဘွေ စစ်တပ်က သမ္မတ မူဂါဘီနဲ့ သမ္မတကတော်ကို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ဟာ လက်ရှိအချိန်မှာ မြို့တော်အတွင်းက လမ်းတွေအပေါ်မှာ ကင်းလှည့်နေတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ဇင်ဘာဘွေ စစ်တပ်က နိုင်ငံပိုင်ရုပ်သံဌာနကို သိမ်းပိုက်ပြီးနောက် မြို့အတွင်း မငြိမ်သက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဇင်ဘာဘွေ ပြည်သူတွေဟာ စစ်တပ်က အာဏာသိမ်းတာကို သိရှိနိုင်ဖို့ ဖုန်းတွေကတဆင့် သတင်းတွေကို ဖတ်နေကြတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ဇင်ဘာဘွေ နိုင်ငံအတွင်း စီးပွားရေး ကျဆင်းမှုတွေကြောင့် အခုလို စစ်တပ်က အာဏာသိမ်းလိုက်က်တာကို ပြည်သူတချို့က လက်ခံတယ်လို့ သတင်းတွေက ဖြော်ပပါတယ်။

adv_banner