အိႏၵိယက ဘဏ္ကို ေျမေအာက္ဥမင္လိုဏ္ေခါင္းတူးၿပီး ေဖာက္ထြင္း

အိႏၵိယ ႏုိင္ငံပိုင္ ဘဏ္တစ္ခုကို သူခုိးေတြက ဥမင္လိုဏ္ေခါင္းတူးကာ ေငြေတြခုိးယူခဲ့ပါတယ္။

မြန္ဘုိင္းၿမိဳ႕ အေနာက္ပိုင္းမွာ သူခုိးေတြဟာ အစိုးရဘဏ္ကေန ေငြေၾကးေတြ ခုိးယူႏုိင္ဖို႔ ဥမင္လိုဏ္ေခါင္းကို ၄ လၾကာ တူးခဲ့တယ္လို႔ ေဒသခံမီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

ဘဏ္ထဲရွိ ေငြနဲ႔ လက္ဝတ္ရတနာေတြ ခိုးယူခံရၿပီး ပမာဏ ဘယ္ေလာက္ရွိတယ္ ဆိုတာကို မဆံုးျဖတ္ႏုိင္ေသးဘူးလို႔ မြန္ဘုိင္းရဲေတြက ေျပာပါတယ္။

သူခုိးေတြဟာ  ၂၅ ေပ အရွည္ရွိ လိုဏ္ေခါင္းတူးကာ ခုိးယူခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွာ ဘဏ္ထဲကေငြေတြ ခုိးယူခံခဲ့ရတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ သံသယရွိတဲ့ သူခုိးေတြ ေပ်ာက္ဆံုးေနတယ္လို႔ ရဲေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယက ဘဏ်ကို မြေအောက်ဥမင်လိုဏ်ခေါင်းတူးပြီး ဖောက်ထွင်း

အိန္ဒိယ နိုင်ငံပိုင် ဘဏ်တစ်ခုကို သူခိုးတွေက ဥမင်လိုဏ်ခေါင်းတူးကာ ငွေတွေခိုးယူခဲ့ပါတယ်။

မွန်ဘိုင်းမြို့ အနောက်ပိုင်းမှာ သူခိုးတွေဟာ အစိုးရဘဏ်ကနေ ငွေကြေးတွေ ခိုးယူနိုင်ဖို့ ဥမင်လိုဏ်ခေါင်းကို ၄ လကြာ တူးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဘဏ်ထဲရှိ ငွေနဲ့ လက်ဝတ်ရတနာတွေ ခိုးယူခံရပြီး ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာကို မဆုံးဖြတ်နိုင်သေးဘူးလို့ မွန်ဘိုင်းရဲတွေက ပြောပါတယ်။

သူခိုးတွေဟာ ၂၅ ပေ အရှည်ရှိ လိုဏ်ခေါင်းတူးကာ ခိုးယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဘဏ်ထဲကငွေတွေ ခိုးယူခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သံသယရှိတဲ့ သူခိုးတွေ ပျောက်ဆုံးနေတယ်လို့ ရဲတွေက ပြောပါတယ်။

adv_banner