႐ုရွားက အေနာက္ဥေရာပ ႏုိင္ငံေတြရဲ႕ ေရြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္ဖုိ႔ ႀကိဳးပမ္း

႐ုရွားသမၼတ ပူတင္ဟာ ဒီမုိကေရစီ ႏုိင္ငံေတြကို ၾကားဝင္စြက္ဖက္ႏုိင္ဖုိ႔နဲ႔ မတည္ၿငိမ္မႈေတြ ျဖစ္ေအာင္ ေရြးေကာက္ပြဲေတြကို ၾကားဝင္    စြက္ဖက္ႏုိင္ဖုိ႔ ႀကိဳးစားေနတယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ထရီဆာ ေမက စြပ္စြဲလုိက္ပါတယ္။

႐ုရွားႏုိင္ငံဟာ ဂ်ာမနီ လႊတ္ေတာ္နဲ႔ ဒိန္းမတ္ ကာကြယ္ေရး ဝန္ႀကီးဌာနကို ဆုိက္ဘာ တုိက္ခိုက္မႈေတြ လုပ္ခဲ့တဲ့အျပင္ ဥေရာပႏုိင္ငံေတြရဲ႕ ေရြးေကာက္ပြဲကို စြက္ဖက္မႈေတြ လုပ္ခဲ့တယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

႐ုရွားႏုိင္ငံအေနနဲ႔  သူတုိ႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြ ေအာင္ျမင္မွာ မဟုတ္ဘူးဆုိတဲ့ အခ်က္ကို သိေစလိုတယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ ေမက ေျပာပါတယ္။  

အေနာက္ဥေရာပ ႏုိင္ငံေတြ အတြက္ သတင္းအခ်က္လက္ေတြ မွားယြင္းမႈျဖစ္ေအာင္ ႐ုရွားႏုိင္ငံက ရည္ရြယ္လုပ္ေဆာင္ေနတာ ျဖစ္တယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

႐ုရွားႏုိင္ငံဟာ အေမရိကန္ သမၼတ ေရြးေကာက္ပြဲတုန္းကလည္း  ၾကားဝင္စြက္ဖက္မႈေတြ လုပ္ခဲ့တယ္လို႔ စြပ္စြဲခံရေပမယ့္ ပါဝင္ပတ္သက္တာ မရွိခဲ့ဘူးလို႔ ႐ုရွား သမၼတက တံု႔ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားက အနောက်ဥရောပ နိုင်ငံတွေရဲ့ ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်း

ရုရှားသမ္မတ ပူတင်ဟာ ဒီမိုကရေစီ နိုင်ငံတွေကို ကြားဝင်စွက်ဖက်နိုင်ဖို့နဲ့ မတည်ငြိမ်မှုတွေ ဖြစ်အောင် ရွေးကောက်ပွဲတွေကို ကြားဝင်စွက်ဖက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာ မေက စွပ်စွဲလိုက်ပါတယ်။

ရုရှားနိုင်ငံဟာ ဂျာမနီ လွှတ်တော်နဲ့ ဒိန်းမတ် ကာကွယ်ရေး ဝန်ကြီးဌာနကို ဆိုက်ဘာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အပြင် ဥရောပနိုင်ငံတွေရဲ့ ရွေးကောက်ပွဲကို စွက်ဖက်မှုတွေ လုပ်ခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။

ရုရှားနိုင်ငံအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို သိစေလိုတယ်လို့လည်း ဝန်ကြီးချုပ် မေက ပြောပါတယ်။

အနောက်ဥရောပ နိုင်ငံတွေ အတွက် သတင်းအချက်လက်တွေ မှားယွင်းမှုဖြစ်အောင် ရုရှားနိုင်ငံက ရည်ရွယ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။

ရုရှားနိုင်ငံဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲတုန်းကလည်း ကြားဝင်စွက်ဖက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရပေမယ့် ပါဝင်ပတ်သက်တာ မရှိခဲ့ဘူးလို့ ရုရှား သမ္မတက တုံ့ပြန်ထားပါတယ်။

adv_banner