စစ္ေရးအတြက္ ဖိလစ္ပိုင္နဲ႔ ဆက္ဆံေရးဟာ အဓိက က်တယ္လို႔ အေမရိကန္ သမၼတေျပာ

အေမရိကန္ သမၼတက အေမရိကန္နဲ႔ ဖိလစ္ပိုင္ႏုိင္ငံ ဆက္ဆံေရးဟာ စစ္ေရးအတြက္ အဓိက အေရးပါတဲ့ အေၾကာင္းအရင္းျဖစ္တယ္လို႔ ေျပာလုိက္ပါတယ္။

ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးဟာ မူးယစ္ေဆး တိုက္ဖ်က္ေရး စစ္ပြဲမွာ လူအမ်ားကို ေသဆံုးေစခဲ့မႈအတြက္ အေမရိကန္ႏုိင္ငံ အပါအဝင္ ႏုိင္ငံအမ်ားျပားက ေ၀ဖန္မႈေတြ ရွိခဲ့ၿပီးေနာက္ အေမရိကန္ သမၼတက အခုလို ေျပာလုိက္တာ ျဖစ္ပါတယ္။

အေမရိကန္ သမၼတေဟာင္း အုိဘားမား လက္ထက္က ဒူတာေတးရဲ႕ မူးယစ္ေဆးဝါး စစ္ပြဲ အေပၚ ျပင္းထန္တဲ့ ေဝဖန္မႈေတြ ရွိခဲ့တာေၾကာင့္  ႏွစ္ႏုိင္ငံဆက္ဆံေရး ေအးခဲ့ရေပမယ့္ သမၼတ ေဒၚနယ္ ထရမ့္က ဖိလစ္ပိုင္နဲ႔ ဆက္ဆံေရးကို ျပန္ေျပာင္းလဲမႈေတြ လုပ္ခဲ့ပါတယ္။  

ဖိလစ္ပိုင္နဲ႔ ဆက္ဆံေရးဟာ အလြန္အေရးႀကီးၿပီး ကုန္သြယ္ေရးထက္ စစ္ေရးရည္ရြယ္ခ်က္ အဓိကက်တယ္လို႔ အေမရိကန္ သမၼတက ေျပာခဲ့ပါတယ္။ ဒူတာေတး သမၼတ ျဖစ္လာခ်ိန္မွာ မူးယစ္ေဆးဝါးစစ္ပြဲကို အေမရိကန္ သမၼတေဟာင္း အုိဘားမားနဲ႔ အျပန္လွန္ စကားစစ္ထိုးမႈေတြ ရွိခဲ့ဖူးရာ ဖိလစ္ပိုင္ဟာ အေမရိကန္ထက္ ႐ုရွား၊ တ႐ုတ္တို႔နဲ႔ ပိုမုိနီးစပ္ခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ရေးအတွက် ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးဟာ အဓိက ကျတယ်လို့ အမေရိကန် သမ္မတပြော

အမေရိကန် သမ္မတက အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံ ဆက်ဆံရေးဟာ စစ်ရေးအတွက် အဓိက အရေးပါတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးဟာ မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲမှာ လူအများကို သေဆုံးစေခဲ့မှုအတွက် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံအများပြားက ဝေဖန်မှုတွေ ရှိခဲ့ပြီးနောက် အမေရိကန် သမ္မတက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း အိုဘားမား လက်ထက်က ဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ပွဲ အပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေး အေးခဲ့ရပေမယ့် သမ္မတ ဒေါ်နယ် ထရမ့်က ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးကို ပြန်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးဟာ အလွန်အရေးကြီးပြီး ကုန်သွယ်ရေးထက် စစ်ရေးရည်ရွယ်ချက် အဓိကကျတယ်လို့ အမေရိကန် သမ္မတက ပြောခဲ့ပါတယ်။ ဒူတာတေး သမ္မတ ဖြစ်လာချိန်မှာ မူးယစ်ဆေးဝါးစစ်ပွဲကို အမေရိကန် သမ္မတဟောင်း အိုဘားမားနဲ့ အပြန်လှန် စကားစစ်ထိုးမှုတွေ ရှိခဲ့ဖူးရာ ဖိလစ်ပိုင်ဟာ အမေရိကန်ထက် ရုရှား၊ တရုတ်တို့နဲ့ ပိုမိုနီးစပ်ခဲ့ရပါတယ်။

adv_banner