ကမာၻ႔ဖလား ေျခစစ္ပြဲ မေအာင္မႈေၾကာင့္ အီတလီ စီးပြားေရး ထိခိုက္ႏုိင္

အီတလီ အသင္း ကမာၻ႔ဖလားေျခစစ္ပြဲ မေအာင္ျမင္မႈေၾကာင့္ ႏုိင္ငံစီးပြားေရးမွာ ယူ႐ို ၁ ဘီလီယံ ထိခုိက္ႏုိင္ဖြယ္ရွိတယ္လို႔ အီတလီ       ေဘာလံုးအဖြဲ႔ခ်ဳပ္ ဥကၠ႒ေဟာင္းက သံုးသပ္ေျပာဆုိလိုက္ပါတယ္။

ဥကၠ႒ေဟာင္းျဖစ္သူ ဖရန္ကို ကာရာ႐ိုက  အီတလီ ကမာၻ႔ဖလား ေျခစစ္ပြဲ မေအာင္ျမင္မႈဟာ ႏုိင္ငံ စီးပြားေရးကို တိုက္႐ိုက္ ဒါမွမဟုတ္  သြယ္ဝိုက္ၿပီး ထိခုိက္မႈေတြ ျဖစ္လာမယ္လို႔ေျပာခဲ့ပါတယ္။

ကာရာ႐ိုက အနည္းဆံုးေတာ့ ယူ႐ို သန္း ၆၀၀ နီးပါးထိခုိက္လာႏုိင္ၿပီး အမ်ားဆံုးဆုိရင္ ယူ႐ို ၁ ဘီလီယံအထိ ရွိလာႏုိင္တယ္လို႔ေျပာခဲ့ပါတယ္။ အီတလီ အသင္းရဲ႕ ေလေၾကာင္း သယ္ယူပို႔ေဆာင္ေရးပိုင္း အဓိက ထိခုိက္ႏုိင္ၿပီး  ႐ုပ္သံထုတ္လြင့္မႈနဲ႔ ဆက္စပ္တဲ့ အပိုင္းေတြလည္း ထိခိုက္ႏိုင္တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

အီတလီ အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ကစားခဲ့တဲ့ ကမာၻ႔ဖလား ပေလးေအာ့ဖ္ ေျခစစ္ပြဲမွာ ဆြီဒင္ကို ႏွစ္ေက်ာ့ေပါင္း ၁ ဂိုး ဂိုးမရွိနဲ႔ ႐ံႈးနိမ့္ခဲ့မႈေၾကာင့္ ႏွစ္ေပါင္း ၆၀ အတြင္း ပထမဆံုးအၾကိမ္ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မှုကြောင့် အီတလီ စီးပွားရေး ထိခိုက်နိုင်

အီတလီ အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်မှုကြောင့် နိုင်ငံစီးပွားရေးမှာ ယူရို ၁ ဘီလီယံ ထိခိုက်နိုင်ဖွယ်ရှိတယ်လို့ အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းက သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဥက္ကဋ္ဌဟောင်းဖြစ်သူ ဖရန်ကို ကာရာရိုက အီတလီ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်မှုဟာ နိုင်ငံ စီးပွားရေးကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ထိခိုက်မှုတွေ ဖြစ်လာမယ်လို့ပြောခဲ့ပါတယ်။

ကာရာရိုက အနည်းဆုံးတော့ ယူရို သန်း ၆၀ဝ နီးပါးထိခိုက်လာနိုင်ပြီး အများဆုံးဆိုရင် ယူရို ၁ ဘီလီယံအထိ ရှိလာနိုင်တယ်လို့ပြောခဲ့ပါတယ်။ အီတလီ အသင်းရဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးပိုင်း အဓိက ထိခိုက်နိုင်ပြီး ရုပ်သံထုတ်လွင့်မှုနဲ့ ဆက်စပ်တဲ့ အပိုင်းတွေလည်း ထိခိုက်နိုင်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

အီတလီ အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ပလေးအော့ဖ် ခြေစစ်ပွဲမှာ ဆွီဒင်ကို နှစ်ကျော့ပေါင်း ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲခဲ့ရပါတယ်။

adv_banner