
စပိန်ကနေ ကတ်တာလိုနီးယားဒေသ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာဖို့ ကြိုးပမ်းမှု မအောင်မြင်တာကို ရည်ညွှန်းပြီး ထိုင်ဝမ် လွတ်လပ်ရေး ကြေညာရင်လည်း ကျရှုံးလိမ့်မယ်လို့ တရုတ်က ပြောဆိုလိုက်ပါတယ်။




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်ဝမ် လွတ်လပ်ရေး ကြေညာရင် ကျရှုံးမယ်လို့ ကတ်လန်ကို ရည်ညွှန်းပြီး တရုတ် ပြော

စပိန္ကနေ ကတ်တာလိုနီးယားဒေသ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာဖို့ ကြိုးပမ်းမှု မအောင်မြင်တာကို ရည်ညွှန်းပြီး ထိုင်ဝမ် လွတ်လပ်ရေး ကြေညာရင်လည်း ကျရှုံးလိမ့်မယ်လို့ တရုတ်က ပြောဆိုလိုက်ပါတယ်။

ကတ်တာလိုနီးယား လွတ်လပ်ရေး ကြိုးပမ်းမှု ကျရှုံးတာဟာ ကောင်းတယ်လို့ ထိုင်ဝမ်ရေးရာရုံး မူဝါဒချမှတ်အဖွဲ့က ပြောခွင့်ရသူ မာရှောက်ဂန်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကတ်တာလိုနီးယား ပြည်သူ့ဆန္ဒခံယူပွဲရလဒ် ကျရှုံးသွားတာဟာ နိုင်ငံတော် အချုပ်အခြာ အာဏာကို ကာကွယ်ဖို့နဲ့ ပိုင်နက်နယ်မြေ စည်းလုံးဖို့ဆိုတာ အရှေ့မှာ ဖြစ်ဖြစ် အနောက်မှာ ဖြစ်ဖြစ် လိုအပ်တယ်ဆိုတာ ပြနေတာဖြစ်တယ်၊ ထိုင်ဝမ် လွတ်လပ်ရေးလုပ်ဆောင်ရင်လည်း ဒီလို ကျရှုံးမှုနဲ့ ဆုံးခန်းတိုင်မယ်လို့ မာက ပြောပါတယ်။

ခွဲထွက်ရေးဆိုတဲ့ ကိစ္စဟာ တရုတ်အတွက် အကဲဆတ်တဲ့ ကိစ္စဖြစ်ပြီး တရုတ်တပြည်ထောင်တည်း မူကို ကိုင်စွဲထားတာ ဖြစ်ပါတယ်။

adv_banner