



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆေးရုံတက်ခဲ့ရတဲ့ အာဂျင်တီးနား တိုက်စစ်မှူး အဂူရို

အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုဟာ နိုင်ဂျီးရီယားနဲ့ ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်းအတွင်း ခေါင်းမူးခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။

အဂူရိုဟာ နိုင်ဂျီးရီယားကို အနိုင်ရတဲ့ခြေစမ်းပွဲမှာ ပထမပိုင်းအတွင်း အသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ပါတယ်။ အဂူရိုဟာ ဂိုးသွင်းယူပြီးနောက် ခေါင်းမူးလာတာကြောင့် ဆေးရုံတက်ခဲ့ရတာဖြစ်ပြီး အခုတော့ ဆေးရုံက ပြန်ဆင်းကာ အသင်းနဲ့အတူ ဟိုတယ်မှာ အနားယူနေပါတယ်။
လက်ရှိအချိန်မှာ အဂူရိုဟာ အလုံးစုံ သက်သာ ပျောက်ကင်းသွားတာကြောင့် မိခင် ကလပ်ရှိတဲ့ မန်စီးတီး အသင်းဆီ ပြန်သွားမှာ ဖြစ်တယ်လို့ အာဂျင်တီးနား အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

adv_banner