




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယ်လီဖိုးနီးယား ပစ်ခတ်တိုက်ခိုက်မှု ၄ ဦးသေ

 

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီယား ပြည်နယ်မှာ မနေ့ နိုဝင်ဘာ ၁၄ ရက်နေ့က ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် လူ ၄ ဦး သေဆုံးသွားခဲ့ပါတယ်။

ပစ်ခတ်မှုဟာ ရိုင်းစိုင်းကြမ်းပြီး စာသင်ကျောင်း အပါအဝင် နေရာအများပြားမှာ ဖြစ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် တခြား ၁၀ ဦး ဒဏ်ရာရခဲ့ပြီးနောက် ရဲတွေဟာ သေနတ်သမားကို ပစ်သတ်ခဲ့ပါတယ်။ ရဲတွေရဲ့ အဆိုအရ အခုပစ်ခတ်မှုဟာ ပြည်တွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

သေနတ်သမားဟာ စာသင်ကျောင်းထဲကို ဝင်ပြီး ပစ်ခတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ရဲတွေက သေနတ်သမားကို တားဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲတွေဟာ ရန်ချို တီဟာမာ စာသင်ကျောင်းထဲက ကလေးတွေကို ကယ်ထုတ်ပေးခဲ့ရပါတယ်။

adv_banner