ဇင္ဘာေဘြမွာ စစ္အာဏာသိမ္း၊  သမၼတ မူဂါဘီ ေဘးကင္းတယ္လို႔ ဆို

ဇင္ဘာေဘြစစ္တပ္က  ႏိုင္ငံကို အာဏာသိမ္းလိုက္ၿပီျဖစ္ေၾကာင္း၊ အခုလုိ အာဏာသိမ္းလိုက္တာဟာ  အသက္ ၉၃ ႏွစ္အရြယ္ သမၼတ ေရာဘတ္ မူဂါဘီကို  ပစ္မွတ္ထားတာ မဟုတ္ဘဲ  မႈခင္းရာဇာဝတ္မႈကို တုိက္ဖ်က္ႏိုင္ဖို႔ ပစ္မွတ္ထားတာလို႔ စစ္တပ္က ေျပာပါတယ္။

သမၼတ မူဂါဘီရဲ႕ မိသားစု ေဘးကင္းလံုၿခံဳတဲ့ေနရာမွာ ရွိေနတယ္လို႔လည္း  စစ္ဘက္ေျပာေရးဆုိခြင့္ရွိသူက ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ စစ္တပ္ဟာ  ဇင္ဘာေဘြ ၿမိဳ႕ေတာ္  ဟာရာရီမွာ တပ္ျဖန္႔ထားၿပီး  ႏုိင္ငံပိုင္ ႐ုပ္သံဌာနကို သိမ္းပိုက္ထားပါတယ္။  

မူဂါဘီရဲ႕ အာဏာရ ပါတီကေတာ့ စစ္တပ္က အခုလို အာဏသိမ္းတာဟာ ႏိုင္ငံေတာ္ကို သစၥာေဖ်ာက္ဖ်က္တာ ျဖစ္တယ္လို႔ စြပ္စြဲထားပါတယ္။

ဇင္ဘာေဘြစစ္တပ္ဟာ ဘ႑ေရးဝန္ႀကီး အိုင္နာတီအပ္ ခၽြန္ဘိုကို ဖမ္းဆီးထိန္းသိမ္းထားတယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။  ဇင္ဘာေဘြ စစ္တပ္ေျပာဆုိခြင့္ရွိသူက  စစ္တပ္ဟာ ရာဇာဝတ္မႈကို တုိက္ဖ်က္သြားမွာ ျဖစ္တာေၾကာင့္  မၾကာမီမွာ ပံုမွန္အေျခေနကို        ျပန္ေရာက္ရွိမွာ ျဖစ္တယ္လို႔ ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇင်ဘာဘွေမှာ စစ်အာဏာသိမ်း၊ သမ္မတ မူဂါဘီ ဘေးကင်းတယ်လို့ ဆို

 

ဇင်ဘာဘွေစစ်တပ်က နိုင်ငံကို အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း၊ အခုလို အာဏာသိမ်းလိုက်တာဟာ အသက် ၉၃ နှစ်အရွယ် သမ္မတ ရောဘတ် မူဂါဘီကို ပစ်မှတ်ထားတာ မဟုတ်ဘဲ မှုခင်းရာဇာဝတ်မှုကို တိုက်ဖျက်နိုင်ဖို့ ပစ်မှတ်ထားတာလို့ စစ်တပ်က ပြောပါတယ်။

သမ္မတ မူဂါဘီရဲ့ မိသားစု ဘေးကင်းလုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့လည်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ လက်ရှိအချိန်မှာ စစ်တပ်ဟာ ဇင်ဘာဘွေ မြို့တော် ဟာရာရီမှာ တပ်ဖြန့်ထားပြီး နိုင်ငံပိုင် ရုပ်သံဌာနကို သိမ်းပိုက်ထားပါတယ်။

မူဂါဘီရဲ့ အာဏာရ ပါတီကတော့ စစ်တပ်က အခုလို အာဏသိမ်းတာဟာ နိုင်ငံတော်ကို သစ္စာဖျောက်ဖျက်တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ဇင်ဘာဘွေစစ်တပ်ဟာ ဘဏ္ဍရေးဝန်ကြီး အိုင်နာတီအပ် ချွန်ဘိုကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဇင်ဘာဘွေ စစ်တပ်ပြောဆိုခွင့်ရှိသူက စစ်တပ်ဟာ ရာဇာဝတ်မှုကို တိုက်ဖျက်သွားမှာ ဖြစ်တာကြောင့် မကြာမီမှာ ပုံမှန်အခြေနေကို ပြန်ရောက်ရှိမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

adv_banner