



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စင်ကာပူမှာ ရထားချင်းတိုက်မိ၊ ၂၅ ဦး ဒဏ်ရာရ

စင်ကာပူနိုင်ငံ၊ ဂျူကွန်း ဘူတာမှာ ရထားချင်းတိုက်မိမှု ဒီနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပြီး လူ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနက်ပိုင်း ဒေသခံတော်ချိန် ၈ နာရီမှာ ဖြစ်ပွားခဲတာ ဖြစ်ပြီး အလုပ်သွားသူတွေနဲ့ လူများချိန်ဖြစ်ပါတယ်။ ခရီးသည် ၂၃ ဦးနဲ့ ရထားဝန်ထမ်း နှစ်ဦး ဒဏ်ရာရရှိသွားပြီး အမျိုးသား တက္ကသိုလ် ဆေးရုံနဲ့ နက်တန်ဖွန် အထွေထွေရောဂါကု ဆေးရုံတို့ကို ပို့ဆောင်ထားပါတယ်။

အချက်ပြစနစ်သစ် မှားယွင်းသွားတာ ဖြစ်နိုင်တယ်လို့ စထရိတ်တိုင်းမ် သတင်းစာက ရေးပါတယ်။ တူအက်စ်လင့်ခ် ဘူတာရုံကို သွားမယ့်ရထား ဂျူကွန်း ဘူတာရုံမှာ အရပ် နောက်က ရထားတစ်စီးက ဝင်တိုက်မိတာဖြစ်ပြီး ရှေ့ကို တွန်းထုတ်သလို ဖြစ်ခဲ့တာလို့ သယ်ယူပို့ဆောင်ရေး တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

adv_banner