အင္ဒိုနီးရွား ရဲအရာရွိတစ္ဦး ပစ္သတ္ခံရ

အင္ဒိုနီးရွားႏိုင္ငံ၊ ပါပူအာခ႐ိုင္ရွိ ဖရီးပို႔ ကုမၸဏီပိုင္ ဂရက္ဘာ့ဂ္ ေၾကးနီမိုင္းအနီးမွာ ရဲအရာရွိတစ္ဦး ပစ္သတ္ခံရၿပီး ေနာက္တစ္ဦးကေတာ့ ဒဏ္ရာရရွိသြားပါတယ္။  

ေၾကးနီမိုင္းအနီး ကင္းလွည့္စဥ္ ရဲအရာရွိေတြ ပစ္ခတ္ခံရတာ ျဖစ္ၿပီး သူတို႔ကို ရဟတ္ယာဥ္နဲ႔ အနီးရွိ တီမီကာၿမိဳ႕ ေဆး႐ံုကို ပို႔ခဲ့ပါတယ္။ ဖရီးပို႔ ကုမၸဏီ ေျပာခြင့္ရသူကေတာ့ တီမီကာကေန ဖရီးပို႔ ေၾကးနီမိုင္းကိုသြားတဲ့ လမ္းဟာ ပိတ္ထားတဲ့လမ္းျဖစ္တယ္လို႔ ေျပာပါတယ္။

အဲဒီ ေၾကးနီမိုင္းဝန္းက်င္းမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လလယ္ကတည္းက ပစ္ခတ္မႈေတြ မၾကာခန ျဖစ္ခဲ့ရာမွာ လူ ရွစ္ဦး ဒဏ္ရာရၿပီး ရဲအရာရွိ ႏွစ္ဦး ေသဆံုးၿပီး ျဖစ္ပါတယ္။ ခြဲထြက္ေရး သူပုန္ေတြနဲ႔ ဆက္စပ္ေနတဲ့ လက္နက္ကိုင္ ရာဇဝတ္မႈက်ဴးလြန္တဲ့ အဖြဲ႔ရဲ႕ လက္ခ်က္ျဖစ္တယ္လို႔ ရဲက ျပစ္တင္ ေျပာဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား ရဲအရာရှိတစ်ဦး ပစ်သတ်ခံရ

အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာခရိုင်ရှိ ဖရီးပို့ ကုမ္ပဏီပိုင် ဂရက်ဘာ့ဂ် ကြေးနီမိုင်းအနီးမှာ ရဲအရာရှိတစ်ဦး ပစ်သတ်ခံရပြီး နောက်တစ်ဦးကတော့ ဒဏ်ရာရရှိသွားပါတယ်။

ကြေးနီမိုင်းအနီး ကင်းလှည့်စဉ် ရဲအရာရှိတွေ ပစ်ခတ်ခံရတာ ဖြစ်ပြီး သူတို့ကို ရဟတ်ယာဉ်နဲ့ အနီးရှိ တီမီကာမြို့ ဆေးရုံကို ပို့ခဲ့ပါတယ်။ ဖရီးပို့ ကုမ္ပဏီ ပြောခွင့်ရသူကတော့ တီမီကာကနေ ဖရီးပို့ ကြေးနီမိုင်းကိုသွားတဲ့ လမ်းဟာ ပိတ်ထားတဲ့လမ်းဖြစ်တယ်လို့ ပြောပါတယ်။

 

အဲဒီ ကြေးနီမိုင်းဝန်းကျင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လလယ်ကတည်းက ပစ်ခတ်မှုတွေ မကြာခန ဖြစ်ခဲ့ရာမှာ လူ ရှစ်ဦး ဒဏ်ရာရပြီး ရဲအရာရှိ နှစ်ဦး သေဆုံးပြီး ဖြစ်ပါတယ်။ ခွဲထွက်ရေး သူပုန်တွေနဲ့ ဆက်စပ်နေတဲ့ လက်နက်ကိုင် ရာဇဝတ်မှုကျူးလွန်တဲ့ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ရဲက ပြစ်တင် ပြောဆိုထားပါတယ်။

adv_banner