တ႐ုတ္ သံတမန္ကို သမၼတ ရွီရဲ႕ ကိုယ္စားလွယ္အျဖစ္ ေျမာက္ကိုရီးယားကို ေစလႊတ္မယ္

ၿပံဳယမ္းရဲ႕ ႏ်ဴကလီးယားနဲ႔ ဒံုးက်ည္ အစီအစဥ္ေတြေၾကာင့္ တင္းမာေနခ်ိန္မွာ တ႐ုတ္ဝါရင့္ သံတမန္တစ္ဦးကို သမၼတ ရွီက်င့္ဖ်င္ရဲ႕ ကိုယ္စားလွယ္အျဖစ္ ႏိုဝင္ဘာ ၁၇ ရက္ေန႔မွာ ေစလႊတ္မွာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ေျမာက္ကိုရီးယား ႏ်ဴကလီးယား ျပႆနာကို ေဆြးေႏြးအေျဖရွာဖို႔ အႀကိမ္ႀကိမ္ ေျပာဆိုခဲ့ေပမယ့္ ၿပီးခဲ့တဲ့ လေတြထဲမွာ ေျမာက္ကိုရီးယားနဲ႔ အဆင့္ျမင့္ အဆင့္ ေဆြးေႏြးပြဲေတြ အကန္႔အသတ္နဲ႔သာ ရွိေနခဲ့ပါတယ္။

တ႐ုတ္ အထူးကိုယ္စားလွယ္ကို ေျမာက္ကိုရီးယားကို ေစလႊတ္ခဲ့တာ မႏွစ္က ေဖေဖာ္ဝါရီလမွာ ေနာက္ဆံုးအႀကိမ္ ျဖစ္ပါတယ္။ အခု ေစလႊတ္မယ့္သူက ကြန္ျမဴနစ္ပါတီရဲ႕ ျပင္ပေရးရာဌာန အႀကီးအကဲ ဆြန္ေတာင္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် သံတမန်ကို သမ္မတ ရှီရဲ့ ကိုယ်စားလှယ်အဖြစ် မြောက်ကိုရီးယားကို စေလွှတ်မယ်

ပြုံယမ်းရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကြောင့် တင်းမာနေချိန်မှာ တရုတ်ဝါရင့် သံတမန်တစ်ဦးကို သမ္မတ ရှီကျင့်ဖျင်ရဲ့ ကိုယ်စားလှယ်အဖြစ် နိုဝင်ဘာ ၁၇ ရက်နေ့မှာ စေလွှတ်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယား နျူကလီးယား ပြဿနာကို ဆွေးနွေးအဖြေရှာဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့ လတွေထဲမှာ မြောက်ကိုရီးယားနဲ့ အဆင့်မြင့် အဆင့် ဆွေးနွေးပွဲတွေ အကန့်အသတ်နဲ့သာ ရှိနေခဲ့ပါတယ်။

တရုတ် အထူးကိုယ်စားလှယ်ကို မြောက်ကိုရီးယားကို စေလွှတ်ခဲ့တာ မနှစ်က ဖေဖော်ဝါရီလမှာ နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။ အခု စေလွှတ်မယ့်သူက ကွန်မြူနစ်ပါတီရဲ့ ပြင်ပရေးရာဌာန အကြီးအကဲ ဆွန်တောင် ဖြစ်ပါတယ်။

adv_banner