



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥရောပက ခွဲထွက်ရင် ဥရောပ ဆရာဝန် ငါးဦးမှာ တစ်ဦးနှုန်း ဗြိတိန်က ထွက်ခွာမယ်

ဥရောပ သမဂ္ဂကနေ ဗြိတိန် ခွဲထွက်မယ့် ဘရစ်ဇစ် ပြည်သူ့ဆန္ဒခံယူပွဲပြီးရင် ဗြိတိန်ရဲ့ အမျိုးသားကျန်းမာရေး ဝန်ဆောင်မှု (NHS) မှာ အလုပ်လုပ်နေတဲ့ ဥရောပ ဆရာဝန် ငါးဦးအနက် တစ်ဦးနှုန်းက ဗြိတိန်ကနေ ထွက်ခွာသွားဖို့ ပြင်ဆင်နေတယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ပြပါတယ်။

ဥရောပ စီးပွားရေး ဧရိယာ (EEA) က ဆရာဝန်တွေထဲက ထက်ဝက်ဟာ ဗြိတိန်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိသျှ ဆေးပညာ အသင်းရဲ့ စစ်တမ်းက တွေ့ရှိရပြီးနောက် ဥရောပ သမဂ္ဂကနေ ဗြိတိန်ထွက်ခွာမှုနဲ့အတူ ဦးနှော်က်ယိုစီးမှုလို့ ခေါ်တဲ့ ပညာတတ်တွေ တခြားနိုင်ငံရောက်ကုန်မယ့် ခြိမ်းခြောက်မှုကို တွေ့မြင်ရတာ ဖြစ်ပါတယ်။

NHS ဆရာဝန် ၁၂၀ဝ၀ သို့မဟုတ် ဆရာဝန်ပေါင်းရဲ့ ၇.၇ ရာခိုင်နှုန်းဟာ EEA က ဖြစ်ကြပြီး ဘရစ်ဇစ်ကြောင့် ဆရာဝန်သစ်တွေ ထပ်ခေါ်ဖို့ ပြဿနာဟာလည်း ကြီးထွားလာနိုင်ပါတယ်။

adv_banner