၂ ႏွစ္အရြယ္ ကေလးငယ္ကို ပလတ္စတစ္ ေျခေထာက္ေတြ အစားထိုး

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာက အသက္ ၂ ႏွစ္အရြယ္ ေျခႏွစ္ဖက္ မရွိတဲ့ ကေလးငယ္ကို သူ႔ရဲ႕ မိဘေတြက ကေလး   ငယ္ေမြးေန႔အမီ လမ္းေလ်ွာက္သြားလာႏိုင္ဖုိ႔ အလိုရွိေနၾကခဲ့ၾကပါတယ္။

လာမယ့္ တနဂၤေႏြေန႔ဟာ ကေလးငယ္ရဲ႕ ေမြးေန႔ျဖစ္ၿပီး အခုဆိုရင္ အစားထိုး ပလတ္စတစ္ ေျခေထာက္ေတြ တပ္ဆင္ႏိုင္ခဲ့ကာ လမ္းေလ်ွာက္သြားလာေနၿပီ ျဖစ္ပါတယ္။

ေဂ်လန္ အက္စကာလာရာကို လက္ေခ်ာင္း ၆ ေခ်ာင္း၊ ေျခေခ်ာင္းငယ္ေလး ၂ ေခ်ာင္းနဲ႔သာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး မ်ိဳးရိုးဗီဇ မူမမွန္တဲ့ အေျခအေနေၾကာင့္ ျဖစ္ပါတယ္။ သူ႔ရဲ႕ ပါလာတဲ့ ေျခေခ်ာင္းငယ္ေလးေတြဟာလည္း အလုပ္မလုပ္ၾကတဲ့ အတြက္ေၾကာင့္ ဒူေခါင္းနားက ျဖတ္ေတာက္ပစ္ခဲ့ရတာ ျဖစ္ပါတယ္။

အခုဆိုရင္ ေနသားက်လာျဖစ္ၿပီတဲ့ ပလတ္စတစ္ေျခေထာက္နဲ႔ သူ႔ရဲ႕ ေမြးေန႔မွာ မိသားစု၀င္ေတြ  သူငယ္ခ်င္းေတြနဲ႔ အတူ ေမြးေန႔ကို ေပ်ာ္ရႊင္စြာ က်င္းပႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂ နှစ်အရွယ် ကလေးငယ်ကို ပလတ်စတစ် ခြေထောက်တွေ အစားထိုး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာက အသက် ၂ နှစ်အရွယ် ခြေနှစ်ဖက် မရှိတဲ့ ကလေးငယ်ကို သူ့ရဲ့ မိဘတွေက ကလေးငယ်မွေးနေ့အမီ လမ်းလျှောက်သွားလာနိုင်ဖို့ အလိုရှိနေကြခဲ့ကြပါတယ်။

လာမယ့် တနင်္ဂနွေနေ့ဟာ ကလေးငယ်ရဲ့ မွေးနေ့ဖြစ်ပြီး အခုဆိုရင် အစားထိုး ပလတ်စတစ် ခြေထောက်တွေ တပ်ဆင်နိုင်ခဲ့ကာ လမ်းလျှောက်သွားလာနေပြီ ဖြစ်ပါတယ်။

ဂျေလန် အက်စကာလာရာကို လက်ချောင်း ၆ ချောင်း၊ ခြေချောင်းငယ်လေး ၂ ချောင်းနဲ့သာ မွေးဖွားခဲ့တာ ဖြစ်ပြီး မျိုးရိုးဗီဇ မူမမှန်တဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ ပါလာတဲ့ ခြေချောင်းငယ်လေးတွေဟာလည်း အလုပ်မလုပ်ကြတဲ့ အတွက်ကြောင့် ဒူခေါင်းနားက ဖြတ်တောက်ပစ်ခဲ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင် နေသားကျလာဖြစ်ပြီတဲ့ ပလတ်စတစ်ခြေထောက်နဲ့ သူ့ရဲ့ မွေးနေ့မှာ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ အတူ မွေးနေ့ကို ပျော်ရွှင်စွာ ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။

adv_banner